အပိုင်း(၅၁) ငါ မင်းနဲ့ အိပ်ဖို့မဟုတ်ဘူး

2.1K 310 14
                                    

အရှက်မရှိသည့် ကျောက်ဝမ်ယုံးက  တကယ်ကြီး နေခဲ့လေသည်။ ကုထင်ရန်မှာ သူ့ပုံစံကြောင့် ဒေါသထွက်ပြီး မျက်နှာပါ ပျက်လာလေသည်။ သူက အတွင်းနန်းဆောင်ထဲ ဝင်ပြေးသွားပြီး တံခါးကို လုံအောင် ပိတ်လိုက်သည်။

ကျောက်ဝမ်ယုံးက ပြုံးလျက် တံခါးနောက်သို့ ပြေးလိုက်သွားသည်။

သို့သော် တံခါးမခေါက်ရဲချေ။ ဒေါသထွက်အောင်ဆွမိမှာကြောက်နေ၏။

သူက ထိုပုံစံအတိုင်း တိတ်တိတ်လေး ရပ်နေပေမယ့်လည်း စိတ်ထဲမှာတော့ ပျော်ရွင်နေမိသည်။

အိမ်ရှေ့စံလေးက ပြန်ရောက်သည်နှင့် ဖေဖေကို တစာစာနဲ့အော်ခေါ်ပြီး လာရှာတော့သည်။ အဆုံးမှာတော့ တံခါးဝမှာ ရပ်နေသည့် သူ့ခမည်းတော်ကို မြင်လိုက်ရသည်။ သူ့စိတ်ထဲမှာ ပျော်သွားသဖြင့် ပြုံးလျက် အော်ခေါ်လိုက်သည်။

"ခမည်း...."

သူ့ စကားမဆုံးခင်မှာ ခုလေးတင် သတိပြန်ဝင်လာသည့် ကျောက်ဝမ်ယုံးက သူ့ပါးစပ်ကို ပိတ်ပြီး အဝေးသို့ ဆွဲခေါ်သွားလိုက်လေသည်။

ကျောက်ရှန့်ရှီးက မျက်လုံးအပြူးသားဖြင့် သူ့ခမည်းတော်ကို ကြည့်နေလေသည်။

ကျောက်ဝမ်ယုံး ရပ်သည့်အချိန်မှသာ သူက သတိထား၍ မေးမြန်းလိုက်သည်။

"ခမည်းတော်၊ ခမည်းတော် ခိုးလာတာလား"

သူ့ခမည်းတော်ကို ဖေဖေတွေ့သွားလျှင် မောင်းထုတ်မှာ စိုးသောကြောင့် သူက အသံကို တမင် တိုးထားလိုက်သည်။
ကျောက်ဝမ်ယုံးကတော့ ခါးကို မတ်မတ်ဆန့်၍ ပြောလိုက်သည်။

"သား ခမည်းတော်က အသုံးမကျတဲ့ လူလား၊ ခမည်းတော်က ပေါ်တင် လာခဲ့တာ"

ကျောက်ရှန့်ရှီးသည် ခုနက ခမည်းတော်၏ ပုံစံကို တွေးမိလိုက်တော့ ခမည်းတော်အား ထပ်ပြီး မထိုးနှက်ရက်တော့ချေ။

သူက စိတ်ပျက်အားငယ်စွာဖြင့် ပြောလိုက်သည်။

"ခမည်းတော်၊ ဖေဖေ ဘာလို့ စိတ်ကောက်နေရတာလဲ"

ကျောက်ဝမ်ယုံးက စိတ်ပျက်အားငယ်နေသော သူ့ပုံစံကို မြင်တော့ မကြံစဖူး သူ့ကို ပွေ့ချီလိုက်လေသည်။ သူက အနှီကလေးကို ကြည့်ရင်း စိတ်ထဲမှာ ခံစားနေရသည့် ခံစားချက်ကို ပြောမပြတတ်ပေ။ သူဒီတစ်သက်မှာ အတောင်းပန်ချင်ဆုံးလူက သူ့ သွေးသားရင်းချာပဲဖြစ်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now