အပိုင်း(၈၇) လက်စသတ်တော့ သူက အဲ့သည်လိုကိုး။

2K 314 17
                                    

"သခင်လေး သတိလစ်တုန်းက အရှင်မင်းကြီး တောက်လျှောက် အပင်ပန်းခံပြီး ပြုစုပေးခဲ့တာ၊ သခင်လေးနဲ့ ပတ်သတ်လာရင် ဘာကိစ္စပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ လုံးဝ မလုပ်ခိုင်းဘူး၊ မင်းသားငယ်လေး အဲ့တုန်းက ငယ်သေးတယ်၊ အရှင်မင်းကြီးက မင်းသားငယ်လေးကို ချော့မော့ပြီးတာနဲ့ သခင်လေးကို အဖော်ထပ်လာပြုပေးရှာတာ"

ကုထင်ရန်၏ မျက်ဝန်းအစုံက ပြောင်းလဲလာတာကို အန်းကုန်းကုန်းက မြင်လိုက်သည်။

"အရှင်မင်းကြီး တိုင်းရေးပြည်ရေးကိစ္စနဲ့ အလုပ်ရှုပ်လာလည်း သူက အဲ့ဒီ သဝဏ်လွှာတွေကို မုချန်နန်းဆောင်ထဲ အကုန်သယ်သွားခဲ့တာ၊ သခင်လေးအနားက တစ်ဖဝါးတောင်ခွာချင်စိတ်မရှိဘူး၊ ညဆိုလည်း သခင်လေးကို ဖက်အိပ်မှပဲ နာရီအနည်းငယ်လောက် အိပ်ပျော်တာ၊ တစ်ခါတစ်လေ အရှင်မင်းကြီး စိတ်ဓါတ်ကျပြီး သည်းမခံနိုင်တော့တဲ့အခါ မူးပြဲနေအောင် သောက်ပစ်ပြီး ပါးစပ်ကနေ သခင်လေးရဲ့ နာမည်ကိုပဲ‌တနေခဲ့တာ၊ သခင်လေးမသိလို့ လဝက်အတွင်း အရှင်မင်းကြီး ဆံပင်တွေပါ ဖြူသွားခဲ့တာ"

အန်းကုန်းကုန်းက ရှင်းရှင်းလင်းလင်း မှတ်မိပါသေးသည်။ ထိုအချိန်တုန်းက ထိုဆံပင်ဖြူများကို ကျောက်ဝမ်ယုံး စိုက်ကြည့်နေရင်း အတန်ကြာတဲ့အထိ ကြက်သေသေနေပြီးမှသာ သတိလစ်နေသော ကုထင်ရန်ကို ကြက်သေသေလျက် ပြောလိုက်သည်။

"မင်း ကိုယ့်ကို မုန်းသွားပြန်ပြီ"

မျက်ဝန်းထဲတွင် အဆုံးမဲ့သော အထီးကျန်ဆန်မှုများ ကိန်းအောင်းနေခဲ့သည်။

ထိုနေ့ နောက်ပိုင်းမှစပြီး အရှင်မင်းကြီးက အတော်လေး ဆင်ခြင်ခဲ့သလိုပင်။ အလုပ်ဘယ်လောက်ပဲများများ ထမင်းစားဖို့ မမေ့တော့ပေ။ သမားတော် သွေးခုန်နှုန်းလာစမ်းပေးတိုင်းလည်း ဟိုရွေ့သည်ရွေ့ ထပ်မလုပ်တော့ပေ။

အန်းကုန်းကုန်းက ရေးတေးတေးလေး ထင်မိလိုက်သည်။ အရှင်မင်းကြီး၏ ဤပုံစံက သေချာပေါက် သူ အတွက်သူလုပ်နေတာ မဟုတ်ပေ။ အကယ်၍ ကုထင်ရန် တောက်လျှောက် နိုးမလာရင် သူလည်း နှစ်အနည်းငယ်လောက် အဖော်ပြုပေးဖို့အတွက် အချိန်နည်းနည်းလိုချင်လို့ဖြစ်ကောင်းဖြစ်နိုင်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီTempat cerita menjadi hidup. Temukan sekarang