အပိုင်း(၂၂) ပထမဆုံးအကြိမ် အရည်အချင်း ထုတ်ပြခြင်း (ဒုတိယပိုင်း)

1.7K 246 14
                                    

ကုထင်ရန်က ကျောက်ဝမ်ယုံးကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် တစ်ချက်ကြည့်ပြီး မေးလိုက်လေသည်။

"ကျွန်တော်ခုနက ခင်ဗျားတို့ ပြောတာတွေကြားတယ်၊ အလုပ်သမားရေးရာဝန်ကြီးဌာနမှာ အကျင့်ပျက်တဲ့ အမှုတစ်မှုပေါ်လာတယ်ဆို၊ ပြီးတော့ တစ်ယောက်ယောက်က သူများရဲ့ စီမံကိန်းကို ခိုးပြီး ခွင့်ပြုချက်မရဘဲ ပြင်လိုက်သေးတယ်ဆို"

ကျောက်ဝမ်ယုံး မျက်နှာပေါ်ရှိ အပြုံးက
ရုတ်ချည်း တောင့်တင်းသွားလေသည်။ သို့သော် တစ်ခဏလောက်လေးပဲဆိုတော့
ကုထင်ရန်လည်း သတိမထားမိလိုက်ချေ။ ချက်ချင်းဆိုသလို သူက ခပ်ယဲ့ယဲ့လေး ပြန်ပြုံးပြလိုက်သည်။

"မင်း သေချာ ကြားလိုက်တာပဲ၊ အဲ့ဒီလိုဖြစ်ခဲ့တာ အမှန်ပဲ၊ ဒါပေမယ့် ဆုပေးသင့်တာကိုလည်း ပေးပြီးပြီ၊ ဒဏ်ပေးသင့်တာကိုလည်း ပေးပြီးပြီ၊ အဲ့ဒါက ဒီနေ့ ကိုယ်တို့ ဆွေးနွေးတဲ့ ကိစ္စနဲ့ မဆိုင်ပါဘူး"

ကုထင်ရန်က ကြက်သားဖတ်တစ်ဖတ်ကို ညှပ်ယူပြီး ပါးစပ်ထဲထည့်လိုက်တာနဲ့ မျက်နှာထားက ရှုံ့မဲ့သွားလေသည်။ ပါးစပ်ထဲကဟာကို ကမန်းကတန်း သွားထွေးထုတ်လိုက်ပြီး ငါးစွပ်ပြုတ်ကို သောက်လိုက်တော့မှသာ အနည်းငယ် ကောင်းသွားလေသည်။
ကျောက်ဝမ်ယုံးက နိုင်ငံရေးကိစ္စပြောနေပေမယ့်လည်း သူ့ပုံစံကို မြင်တော့ ရယ်မိလိုက်လေသည်။

"အဲ့ဒီလောက်တောင် စားမကောင်းတာလား"

သူလည်း မြည်းကြည့်လိုက်တော့ ခါတိုင်း
မုချန်နန်းဆောင်က အရသာနှင့် ဘာမှမကွာဘူးဟု ထင်မိသည်။ သူက ချေးများနေတာဖြစ်လောက်ပေမည်။ ဒါမျိုးတွေက ရိုးနေပါပြီလေ။

ကုထင်ရန်က သူ့ကို အဖက်မလုပ်ချေ။ ငါးစွပ်ပြုတ်ကို ကျေကျေနပ်နပ် သောက်နေပြီး ထပ်မေးလိုက်လေသည်။

"စီမံကိန်း အခိုးခံရတဲ့သူက နာမည်ဘယ်လိုခေါ်လဲ"

အနှီမေးခွန်းက အနည်းငယ် ထူးဆန်းပါသည်။

ကျောက်ဝမ်ယုံး၏ စိတ်ထဲမှာ ယုန်ထင်ကြောင်ထင် မသင်္ကာဖြစ်သွားပေမယ့် မျက်နှာပေါ်မှာတော့ မပေါ်ချေ။ ပြန်ဖြေလိုက်လေသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီजहाँ कहानियाँ रहती हैं। अभी खोजें