အပိုင်း(၇၉) ခင်ဗျား အသက်ရှင်မှာပါ

2.3K 358 34
                                    

မျက်လုံးက တဖြေးဖြေး ဝေဝါးလာပြီး ကျောက်ဝမ်ယုံး နောက်ဆုံးမြင်လိုက်သည့် မြင်ကွင်းတစ်ခုက အဝါရောင် အနှီးဖြင့် ထုတ်ထားသည့် ကလေးကို ချီ၍ သူ့ဆီ လျှောက်လမ်းလာသော မြင်ကွင်းဖြစ်သည်။

သူ ကလေးကို ပွေ့ချီချင်ပေမယ့် နောက်ဆုံးမှာတော့ အောက်သို့ လဲကျသွားပြီး အဆုံးမဲ့သော အမှောင်ထုထဲ နစ်ဝင်သွားတော့သည်။

"အရှင်မင်းကြီး!.."

"ခမည်းတော်!...."

ကျောက်ဝမ်ယုံး၏ နံဘေးမှာ လူတစ်အုပ် ဝန်းရံလာပြီး အော်ဟစ်လာကြသည်။ ကျောက်ရှန့်ရှီးက တုန်ယင်နေသော လက်အစုံဖြင့် သူ့ရဲ့ ခမည်းတော်ကို ကိုင်လိုက်သည်။  မျက်နှာထက်တွင် အဆုံးမဲ့သော ကြောက်ရွံ့မှုများနှင့် စိုးရိမ်မှုများ ကပ်ပါနေခဲ့သည်။

နန်းဆောင်ထဲတွင် ကုထင်ရန်က သတိလစ်နေပြီး နန်းဆောင်အပြင်ဘက်တွင်
ကျောက်ဝမ်ယုံးက သတိလစ်မေ့မြောနေသည်။

ကျောက်ရှန့်ရှီး၏ ဘဝမှာ ခြေမကိုင်မိလက်မကိုင်မိဖြစ်တာကို ပထမဆုံးအကြိမ် ခံစားမိတာဖြစ်သည်။

"အိမ်ရှေ့စံမင်းသား အခု အချိန်မရှိတော့ဘူး၊ ကျွန်တော်မျိုးတို့ အရှင်မင်းကြီးကို အတွင်းနန်းဆောင်ထဲ ပို့မှဖြစ်မယ်"

အန်းကုန်းကုန်းက စိုးရိမ်ပူပန်နေသော မျက်နှာထားဖြစ်နေပေမယ့် သူက နန်းတော်ထဲမှာ နှစ်ပေါင်းများစွာ နှစ်မြုပ်ထားသည့် လူတစ်ယောက်ဖြစ်သဖြင့် ဤသို့ အန္တရာယ်ရှိသော အချိန်ကာလမှတောင် အေးဆေးတည်ငြိမ်စွာနဲ့ စီစဉ်သွားခဲ့သည်။

ချန်ရှင်းက ခေါင်းငုံ့ထားရင်း အေးတိအေးစက်နဲ့ ပြောလိုက်သည်။

"အရှင်မင်းကြီး ဒါက ခဏတာ စိတ်လှုပ်ရှားမှုကြောင့် သတိလစ်သွားတာပါ၊ အိမ်ရှေ့စံမင်းသား အရမ်း မစိုးရိမ်ပါနဲ့"

သူ့ မျက်နှာက အေးဆေးတည်ငြိမ်ပုံပေါက်ပြီး မည်သည့် မူမမှန်မှုမှ မရှိချေ။

အန်းကုန်းကုန်းက မျက်နှာ တစ်ချက် မပျက်ဘဲ သမားတော်ချန်ကို စိုးရိမ်တကြီးနဲ့ မေးလိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now