အခန်း(၆၇) တံခါးဝထိ လာရှာသည့်ပြဿနာ

3.9K 516 12
                                    

အစက ကျန်းကျီလန်လိုလူသည် နန်းတော်ထဲဝင်ဖို့ အခွင့်အရေးလုံးဝမရှိပေ။ သို့ပေမယ့် ကျောက်ဝမ်ယုံး နန်းတတ်ခါစမှာ အခြေအနေတွေက မငြိမ်မသက်ဖြစ်နေပြီး အာဏာရှိမူးမတ်များက  ဒုက္ခပေးဖို့ အစွမ်းကုန် ကြိုးစားနေကြသည်။

ထိုအပြင် သူက တစ်ကိုယ်တည်းရပ်တည်လာသည့် ယောင်္ကျားကြီးတစ်ယောက်ဖြစ်ပြီး ဘေးမှာ မိန်းကလေးတစ်ယောက်တောင်မရှိသဖြင့် ပို၍ပင် သူတို့အတွက် အခွင့်ကောင်းတစ်ခုဖြစ်သွားသည်။ တစ်ဖက်မှာတော့ ကျောက်ဝမ်ယုံးလိုလူသည် တိုင်းပြည်အုပ်ချုပ်ဖို့ မသင့်တော်ကြောင်း အကြံပြုဖို့
မမေ့သလို တစ်ဖက်မှာလည်း
ကျောက်ဝမ်ယုံး၏ နံဘေးသို့ သမီးပို့ချင်နေကြပြီး တကျိုးပြည်၏ နောက်ထပ် ဆက်ခံသူကို သူတို့မိသားစုထဲမှ ထွက်ပေါ်လာရန် ကြံစည်နေကြသည်။

ညီလာခံ၌ ဖိအားများလွန်းသဖြင့်
ကျောက်ဝမ်ယုံးသည်  ထပ်တလဲလဲ
ချိန်ဆခဲ့သည်။ နောက်ဆုံးမှာတော့
လူအချို့ကို နန်းတော်ထဲ ဝင်ခွင့်ပြုခဲ့သည်။ နောက်ကြောင်းရာဇဝင်ရှင်းလင်းပြီး မိသားစုနောက်ခံကောင်းသည့်လူတွေကို ရွေးချယ်ခဲ့သည်။ အာဏာရှိမူးမတ်တွေနှင့် ဘာပတ်သက်မှုမှ မရှိရင် ပိုကောင်းမည်။
ကျူးကောယွီက ထိုအမတ်တွေကို အကဲခတ်ခဲ့သည်။ ထိုနောက် ကျောက်ဝမ်ယုံးအား
ဟွိုင်ရှီးဒေသ၏ စစ်သူကြီး ကျန်းထင်ကို အကြံပြုထောက်ခံခဲ့သည်။

ဟွိုင်ရှီး၏ စစ်သူကြီးသည် လက်ရှိမှာ ရှိရှိသမျှအားလုံးသည် စစ်တပ်၏ အကျိူးရလဒ်အပေါ် အမှီပြုပြီးရလာတာ လုံးဝမဟုတ်ပေမယ့် တိုက်ပွဲဝင်ဖူးပြီး အစွမ်းအစရှိသည့်လူတစ်ယောက်ဖြစ်သည်။ စိတ်အချရဆုံးကတော့ သူက ထို အာဏာရှိမူးမတ်တွေနှင့် ပတ်သက်ဆက်နွယ်မှု နည်းနည်းလေးတောင်မရှိပေ။

ထိုအချက်ကြောင့်လည်းဖြစ်သည်။ သူအသက်က (၄၀)ကျော်ပြီဖြစ်သော်လည်း ငှက်တောင်ချီးမပါချသည့် ထိုဟွိုင်ရှီးနယ်မှာ နယ်ခံဘုရင်လုပ်ပြီး မြို့တော်သို့ သွားမည့်လမ်းမှန်သမျှကို လုံးလုံးလျားလျား ဖြတ်တောက်ထားသည်။

သို့ပေမယ့် ထိုအရာအားလုံးက
ကျောက်ဝမ်ယုံးအတွက်ကတော့ သတင်းကောင်းတစ်ခုဖြစ်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now