အပိုင်း(၇၆) သူမသွားပါဘူး

1.8K 321 23
                                    

မြောက်ပိုင်းရှိ စစ်မက်ရေးရာကိစ္စက ချိန်ကိုက်ဗုံးလိုဖြစ်နေပေမယ့် မြို့တော်ထဲရှိ မူးကြီးမတ်ရာများက မျက်လုံးထဲတွင် မိမိတို့၏ စားခွက်သာ ရှိနေတုန်းဖြစ်သည်။ နယ်စပ်ဘက်က ကိစ္စရပ်များကို လုံးဝ သတိမထားမိကြချေ။

ဧကရာဇ်အရှင်ကလည်း ဘာဆိုဘာမှမသိသလိုပင်။ တဖြေးဖြေး ကျန်းမာလာသည့် ခန္ဓာကိုယ်က သူ့ကို အားအင်အမြောက်အမြား ပေးစွမ်းခဲ့သည်။ အရင်က လက်လွှတ်ခဲ့သည့် အာဏာများကို တစ်ခုချင်းစီ ပြန်လည်သိမ်းယူနေပြီး မိမိ၏
လူယုံတော် အပေါ်မှာတောင် သံသယဝင်စပြုလာသည်။

ညဘက်တွင် မုချန်နန်းဆောင်ရှိ သမားတော်ချန်က မိသားစုထံ သာကြောင်းမာကြောင်းမေးသည့် စာတစ်စောင်ရေးခဲ့ပြီး မြို့ပြင်က လီအိမ်တော်သို့ ပေးပို့ခဲ့သည်။ အသက်ကြီးပြီဖြစ်သော အိမ်တော်ထိန်းက နန်း‌‌တော်မှလာသည့် မိန်းမစိုးကို ရိုရိုသေသေနဲ့ လိုက်ပို့ပြီးနောက် စာကို နက်ရှိုင်းသောမျက်ဝန်းအစုံနဲ့ ဟူလူမျိုးကို ပေးလိုက်သည်။

ထိုစာက အတောင်ပေါက်သွားသလို မြောက်ပိုင်းတွင် တပ်စွဲထားသည့် ခေါင်းဆောင် မောက်သွမ်းလက်ထဲသို့ ရောက်ရှိသွားခဲ့သည်။

"ခေါင်းဆောင်ကြီး၊ မြို့တော်က စာလာပါတယ်"

စာပို့သည့် ထိုဟူလူမျိုးက ရို‌သေကျိုးနွံ့စွာဖြင့် ထိုစာကို လက်နှစ်ဖက်နဲ့ ဆက်သလိုက်သည်။ မောက်သွမ်းက အသာလေး မျက်လုံးပင့်ကြည့်လာပြီး ယူလိုက်သည်။

ဖယောင်းစက်ဖြင့် ပိတ်ထားသည့် အရာက အလွန်အမင်း သိသာထင်ရှားနေသေးသဖြင့် ဘယ်သူမှ ဖောက်မဖတ်ထားလောက်ချေ။

မောက်သွမ်းကတော့ ‌သရော်ပြုံးပြုံးပြီးနောက် ထိုစာကို မီးပုံထဲ ပစ်ထည့်လိုက်သည်။ သူ့အကြည့်ကို အဝါရောင်စာအိတ်ပေါ်မှာ အလုံးစုံ ထားထားလိုက်သည်။

ဆီပူလောင်းထည့်ပြီးနောက် အဝါရောင် စာအိတ်ပေါ်မှာ ဟိုတစ်ကွက်ဒီတစ်ကွက် စာလုံးအရာများ ထွက်ပေါ်လာခဲ့လေသည်။ အစက မှုန်ဝါးဝါး အရာများဖြစ်ပေမယ့် အချိန်ကြာလာသည်နှင့်အမျှ တဖြေးဖြေး ကြည်လင်ပြတ်သားလာခဲ့သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now