အပိုင်း(၈၉) လက်ဆောင် (ပထမပိုင်း)

2.8K 408 12
                                    

ချန်ရှင်းက ထခုန်မတတ် လန့်ဖြတ်သွားပြီး မျက်နှာက ဖြူစုတ်သွားလေသည်။

"သခင်လေးက ဘယ်လိုလုပ် ဒီမှာရှိနေတာလဲ"

အစက ကျောက်ဝမ်ယုံးသည် ဒီနေ့
ဒီမှာနေမှာဖြစ်သည်။ သို့ပေမယ့် ညစာသုံးဆောင်တဲ့အချိန်မှာ အန်းကုန်းကုန်းက ခေါင်းငုံ၍ သူ့ကို စကားလေးငါးခွန်းပြောလိုက်တော့ ကျောက်ဝမ်ယုံး၏ မျက်နှာက ပျက်ယွင်းသွားပြီး ချက်ချင်း ထထွက်သွားလေသည်။

ရှောင်နုတွေရဲ့ကိစ္စကြောင့်ပဲဖြစ်လောက်‌မည်။

ထိုလူထွက်သွားတာနဲ့ ကုထင်ရန်က ကိုယ့် ကိစ္စတွေ ရှင်းဖို့ အခွင့်အရေးရသွားလေသည်။

ကုထင်ရန်က သူ့ကို ကြည့်ရင်း တစ်ချက်ပြုံးပြလိုက်သည်။

"ဒီနေ့ အရှင်မင်းကြီးက ခင်ဗျားကို ခေါ်တွေ့တယ်လို့ ကျွန်တော် ကြားတယ်"

ချန်ရှင်းက ချက်ချင်း ပြန်မဖြေပေ။ သူက
ကုထင်ရန်၏ မျက်နှာအမူအရာကို အာရုံစူးစိုက်၍ အကဲခတ်လိုက်ပေမယ့် ထိုလူက
တကယ့်ကို ထွင်းဖောက်မမြင်နိုင်။

သူ့စကားအတိုင်း အရေးကြီးတဲ့ကိစ္စမဟုတ်သလို ရေလိုက်ငါးလိုက် ပြန်ဖြေလိုက်သည်။

သူက အမှန်တိုင်း ပြောလိုက်သည်။

"ဟုတ်ကဲ့"

ကုထင်ရန်က သူ့ကို မကြည့်ဘဲ လက်လှမ်းမီရာ ဆေးစာအုပ်တစ်အုပ်ကို ယူပြီး လှန်လှောကြည့်လိုက်သည်။ ထိုစာအုပ်က ချန်ရှင်း၏ စာအုပ်ဖြစ်ပေသည်။

"ခင်ဗျားတို့ ဘာတွေ ပြောခဲ့ကြလဲ"

ဒီလို ထူးဆန်းသည့် အချိန်မျိုးမှာ
ကုထင်ရန်က စကားစမြည်ပြောသည့်
လေသံဖြစ်နေသဖြင့် ချန်ရှင်း၏ စိတ်ထဲမှာ
ရိုးတိုးရွတဖြစ်လာသည်။

ကုထင်ရန်က ဟိုလှန်ဒီလှန် ကြည့်နေတာကို သူမြင်တော့ စိုးရိမ်စိတ်ကြောင့်လက်သီးဆုပ်လိုက်မိသည်။

"သခင်လေးက အစွမ်းအစရှိတော့ သိလောက်ပြီဖြစ်မှာပါ"

ကုထင်ရန်က ထိုကျမှသာ သူ့ကို တစ်ချက်စိုက်ကြည့်လာသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now