အပိုင်း(၃၄) အရှင် ကျွန်တော့်ကို လိမ်ခဲ့တာလား

2.4K 279 11
                                    

"တော်တော့!"

ကျောက်ဝမ်ယုံးက ရုတ်တရက်ကြီး အော်
ထည့်လိုက်တော့ နန်းဆောင်အတွင်း၌ ရုတ်ချည်း တိတ်ကျသွားလေသည်။

"ဒီကိစ္စကို မင်းပူစရာမလိုဘူးလို့ ကိုယ်တော်ပြောပြီးသား"

ကျူးကောယွီက သိပ် လက်မခံချင်သလိုဖြစ်နေပေမယ့် နောက်ဆုံးမှာတော့ စကားမပြောတော့ချေ။

အတန်ကြာပြီးနောက် ကျောက်ဝမ်ယုံးဘက်က အရင်စကားပြောလာသည်။ သူတို့က တိုင်းရေးပြည်ရေးကိစ္စအကြောင်း စတင်ဆွေးနွေးလာကြပြန်သည်။ ကန့်လန့်ကာနောက်ဘက်ရှိ ကုထင်ရန်၏ ခြေထောက်က အနည်းငယ် တောင့်တင်းသွားခဲ့လေသည်။ သူက အသက်ပြင်းပြင်းရူပြီးမှသာ လမ်းလျှောက်ဖို့ အင်အားရှိလာခဲ့သည်။

သူအပြင်ထွက်လိုက်တာနဲ့ အန်းကုန်းကုန်းနှင့် ပက်ပင်းတိုးမိသည်။

"သခင်လေး?"

ကုထင်ရန်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။ မျက်နှာထားကတော့ ထုံစံအတိုင်း အေးတိအေးစက်ဖြစ်နေဆဲပင်။

"ဘာမှမဟုတ်ပါဘူး၊ ငါ နေရတာ နည်းနည်းပျင်းလာလို့၊ အရှင်မင်းကြီး မေးလာရင် ငါအရင်ပြန်သွားပြီလို့ ပြောလိုက်"

သူ့မျက်နှာထားက သိပ်မူမမှန်ဘူးဟု
အန်းကုန်းကုန်းက ထင်မိလိုက်ပေမယ့် မေးလည်းမမေးရဲချေ။ တိုးတိုးလေး ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့"

ကုထင်ရန်က ခေါင်းတောင် ပြန်လှည့်မကြည့်ဘဲ ထွက်သွားလေသည်။

ညနေပိုင်းတွင် ကျောက်ဝမ်ယုံးက အားတာနဲ့ တစ်ချက် ဝင်ကြည့်လိုက်ပေမယ့် အထဲတွင် လူသူကင်းမဲ့နေရာ သရဲအရိပ်အယောင်တောင် မရှိချေ။

သူက အန်းကုန်းကုန်းကို လက်ယပ်ခေါ်ပြီး မေးလိုက်သည်။

"သူရော"

အန်းကုန်းကုန်းက တိုးတိုးလေးပြောလိုက်သည်။

"သခင်လေး စောနကမှ သွားလိုက်တာ၊ နည်းနည်း ပျင်းလာလို့တဲ့"

ကျောက်ဝမ်ယုံး ကြားတော့ ခေါင်းကို ဖြေးဖြေးလေး ညိတ်လိုက်သည်။
အန်းကုန်းကုန်းက သူ့ကို တစ်ချက်ကြည့်ပြီး စဉ်းစားလိုက်ပေမယ့် ထပ်ပြောလိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီTempat cerita menjadi hidup. Temukan sekarang