အပိုင်း(၄၁) ကျွန်တော် ခင်ဗျားကို မမြင်ချင်ဘူး

2.1K 279 17
                                    

ကျူးကောယွီ၏ မျက်လုံးက အရှေ့တည့်
တည့်သို့ စိုက်ကြည့်နေပြီး စာပေပညာရှင်တို့၏ သဘာဝဖြစ်သော ‌ ခေါင်းမာမှုများ ကပ်ပါနေခဲ့သည်။

"ဒီနေ့ ဆန့်ကျင်တဲ့လူက ကျွန်တော်မျိုး တစ်ယောက်ပဲ ရှိလိမ့်မယ်၊ ဒါပေမယ့် မနက်ဖြန်ကျရင်တော့ လူပေါင်းများစွာဖြစ်လာလိမ့်မယ်"

ကျောက်ဝမ်ယုံးက စိတ်ပျက်လက်ပျက်ဖြင့် သူ့ကို ကြည့်လိုက်သည်။

"အဲ့ဒါဆို ကိုယ်တော်ရဲ့ဘဝက ဘာလဲ"

သူ တစ်လျှောက်လုံး နိုင်ထက်စီးနင်းပြုမူခဲ့သည်။ သူ့အရိုးထဲတွင် ဟူလူမျိုး၏ သွေးများ စီးဆင်းနေသဖြင့် ဟူလူမျိုးတို့ရဲ့ အရိုင်းစိတ်များ ကပ်ပါနေမှာ သေချာပါသည်။ အလယ်ပိုင်းလွင်ပြင်ဒေသ၏ ရှုပ်ထွေးပွေလီလှသော ကျင့်ဝတ်ထုံးတမ်းများကို အမြဲတမ်း ဂရုမစိုက်ခဲ့ချေ။

ကျူးကောယွီသည် သူ့မျက်ဝန်းထဲ၌ မြင်လွယ်သော မျှော်လင့်ချက်ပျက်မှုနှင့် စိတ်ဓါတ်ကျဆင်းမှုကို မြင်ခဲ့ရတာ ဒါက ဒုတိယအကြိမ်ဖြစ်သည်။

ပထမအကြိမ်သည် လွန်ခဲ့သည့် သုံးနှစ်က ထိုညမှာဖြစ်သည်။ သူက စစ်သည်တော်များနှင့်အတူ မြို့အနောက်ဘက် ဆင်ခြေဖုံးရှိ စံအိမ်တော်သို့ ရောက်လာသည့်အချိန်တွင် ကျောက်ဝမ်ယုံးက ကုထင်ရန်ကို ရင်ခွင်ထဲ၌ တင်းတင်းကြပ်ကြပ် ဖတ်ထားတာကို ကွက်တိမြင်လိုက်ရသည်။ သူ့ရဲ့ လက်တွေက တဆတ်ဆတ်တုန်ယင်နေတာတောင်
ကုထင်ရန်၏ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားဆဲဖြစ်သည်။

သူက သမားတော်ကို အော်ခေါ်နေပေမယ့် အသံကတော့ မျှော်လင့်ချက်ပျက်သည့် လေသံဖြစ်နေလေသည်။

ထို့နောက် သူလုံးဝ မမြင်ဖူးသည့် စိတ်ဓါတ်ကျဆင်းမှုကိုပါ မြင်ခဲ့ရသည်။

သို့ပေမယ့် ကျောက်ဝမ်ယုံးက မြန်မြန်ဆန်ဆန် နာလန်ထူနိုင်ခဲ့သည်။ သူ့ရဲ့ တိုင်းပြည်၊ သူ့ရဲ့ ဆက်ခံသူကြောင့်ဖြစ်နိုင်သလို
ကုထင်ရန်ကြောင့်လည်းဖြစ်နိုင်သည်။

သူက အရင်တုန်းကအတိုင်း အထက်စီးအဆန်ဆုံး ဧကရာဇ်တစ်ပါးဖြစ်နေဆဲပင်။ ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းကို သုံးပြီး တကျိုးမင်းဆက်ကို ရာစုနှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ်ခဲ့သည့် အာဏာရှိအသိုင်းအဝိုင်းကို ချေမှုန်းခဲ့သည်။ မင်းမူထမ်းစာမေးပွဲရှိ ကန့်သတ်ချက်များကို ဖယ်ရှားပေးခဲ့ပြီး ပြုပြင်ပြောင်းလဲရေးကို ကြိုးစားပမ်းစားဆောင်ရွက်ခဲ့သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now