အပိုင်း (၁၂) အပြင်ထွက်လည်ရန် (ပထမပိုင်း)

2.3K 321 4
                                    

သူက ဤမျှ ရိုးရှင်းလှသော စကားလုံးတစ်လုံးဖြင့် ပြန်ဖြေခဲ့လေသည်။ သူ့အမူအရာကို ကြည့်တော့လည်း မူမမှန်မှုတစ်စုံတစ်ရာမျှ မမြင်ရသဖြင့်
ကျောက်ဝမ်ယုံး၏ နှလုံးသားထဲတွင်
ဂဏာမငြိမ်ဖြစ်သွားရလေသည်။ သူနားဝင်သွားလား ဒါမှမဟုတ် မဝင်သွားလားဆိုတာကိုလည်း မသိတော့ချေ။

သူက ကုထင်ရန်ကို ရင်ခွင်ထဲမှာ အသေဖက်ထားပြီး သူ့မျက်နှာကို အတင်းကြည့်ခိုင်း‌၍ တစ်ခွန်းထပ်ဖြည့်ပြောလိုက်လေသည်။

"ကိုယ် ပြောတာတွေက အမှန်တွေပါ၊ မယုံရင် မင်းကိုယ်တိုင် စုံစမ်းကြည့်လို့ရတယ်"

"တကယ်လို့ ကိုယ်က အဲ့ဒီမိန်းကလေးတွေနဲ့ ပတ်သက်မှုတစ်ခုခုရှိရင် မိုးကြိုးပစ်ခံရပါစေ၊ အသေဆိုးနဲ့သေရပါစေ"

"ရပြီ၊ ကျွန်တော်သိပါပြီ"

သူ တစ်ဝက်‌လောက် ကျိန်ဆိုပြီးသည့်အခိုက်မှာ ကုထင်ရန်က ဖြတ်တောက်လိုက်လေသည်။ ကျောက်ဝမ်ယုံးသည် ကုထင်ရန်၏ စိုးရိမ်နေသောပုံစံကို မြင်တော့ စိတ်ထဲမှာ ကြည်နူးမှုအချို့က မထိန်းချုပ်နိုင်သည်အထိ လောင်ကျွမ်းလာလေသည်။

မထိန်းချုပ်နိုင်တော့သည့်အဆုံး
ကုထင်ရန်၏ နီနီရဲရဲ နှုတ်ခမ်းလေးကို အနမ်းတစ်ပွင့်ပေးလိုက်လေသည်။

ထိုအနမ်းတစ်ပွင့်က ရုတ်တရက်ရောက်ချလာသဖြင့် ကုထင်ရန်က ချက်ချင်း မတုံ့ပြန်လိုက်နိုင်ချေ။ ကျောက်ဝမ်ယုံး၏ လျှာက အရှိန်အဟုန်ပြင်းစွာ ထိုးဖောက်ဝင်ရောက်လာလေသည်။

ကုထင်ရန်က မျက်လုံးအပြူးသားဖြစ်သွားပြီး ရုတ်ချည်း ပြာယာခတ်သွားလေသည်။ ကျောက်ဝမ်ယုံးကို ခပ်ပြင်းပြင်း တစ်ချက် ကိုက်ချမလို့လုပ်လိုက်လေသည်။

သို့ပေမယ့် ကျောက်ဝမ်ယုံးက ကြိုတင် မှန်းဆမိသလို ချက်ချင်း ဆုတ်ခွာသွားလေသည်။

ကုထင်ရန်က သူ့ကို အဖက်လုပ်ရန် အချိန်မရှိလိုက်။ ဘေးနားက ထွေးခံမှာ အပြင်းအထန် အန်လိုက်ပြီး နှုတ်ခမ်းကို အကြိမ်ပေါင်းများစွာ သေချာ သုတ်ပြီးမှသာ သတိပြန်ဝင်လာလေသည်။

"ခင်ဗျား! ခင်ဗျား! ဘာလုပ်တာလဲ!"

ဘေးနားက ကျောက်ဝမ်ယုံးသည် ဒီလိုမျိုး သူ ရွံရှာနေသည့် ပုံစံကို ကြည့်ရင်း စိတ်လည်းမဆိုးချေ။ ထိုအစား ပြုံးလျက် ကြည့်နေလေသည်။ ကုထင်ရန်၏ ပြစ်တင်ပြောဆိုမှုကို ကြားတော့ ကျောက်ဝမ်ယုံး၏ အပြုံးက ချက်ချင်း ပီပြင်လာလေသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now