အခန်း(၅၉) ကိုယ်ဝန်သည် ခင်ပွန်းလေး၏ စိတ်အလိုမကျမှု

5.9K 651 23
                                    

ကျောက်ဝမ်ယုံးက ကုထင်ရန်ကို ဖက်ထားရင်း ဖျာကျနေသည့် နေရောင်အောက်မှာ တစ်ဦးနှင့်တစ်ဦး တိုးဝှေ့ပူးကပ်နေကြသည်။ ထူးထူးဆန်းဆန်း သဟဇာတဖြစ်နေကြပြီး အကြာကြီးချစ်ကျွမ်းဝင်လာသည့် စုံတွဲတစ်တွဲကဲ့သို့ ဖြစ်နေသည်။

နှစ်ယောက်သား နေဝင်ခါနီးအထိ အကြာကြီး အတူတူ နေခဲ့ကြသည်။ ကျောက်ဝမ်ယုံးက ကုထင်ရန် အေးမှာ စိုးရိမ်မိသဖြင့်  စောင်သွားယူရန် အောက်ဆင်းမလို့ ပြင်လိုက်သည်။ အဆုံးမှာတော့ ကုထင်ရန်က သူ့ဝတ်ရုံစကို ဆွဲထားပြီး လှုပ်ခွင့်မပြုပေ။

အခုတစ်လော ကိုယ်ဝန်သည်ခင်ပွန်းလေးက  စိတ်အလိုမကျဖြစ်နေသည်။ သူက သက်တောင့်သက်သာလှဲလှောင်းနေရသော်လည်း ဗိုလ်ကျပြီး ကျောက်ဝမ်ယုံးကို လှုပ်ခွင့်မပြုပေ။

ကျောက်ဝမ်ယုံးက သူ့ အတွေးကို ဘယ်လိုလုပ်မသိဘဲနေမည်နည်း။ သူ့ကိုကြည့်ရင်း မတတ်နိုင်သည့်အဆုံး သက်ပြင်းချလိုက်သည်။ ကုထင်ရန်၏ နှာတံလေးကို ပွတ်သတ်ပေးလိုက်ပြီး လေသံထဲမှာ ချစ်မြတ်နိုးမှုများအပြည့်ဖြစ်နေသည်။

"မင်းကတော့လေ!"

ကုထင်ရန်က သူ့ကို အဖတ်မလုပ်ပေ။ မျက်မှောင်တစ်ချက်ကျုံ့လိုက်ပြီး စိတ်မရှည်သည့် အကြည့်ဖြင့် သူ့ကို ကြည့်လာသဖြင့် ကျောက်ဝမ်ယုံးလည်း အတင်းအကျပ် ထပ်မပြောချင်တော့ပေ။

ထိုစကားကို သူပြောပြီးတာနဲ့ ထပ်မလှုပ်တော့ပေ။ လူကို ရင်ခွင်ထဲထည့်ကာ ပွေ့ဖက်လိုက်ပြီး ကုထင်ရန်၏ ကျောပြင်ကို ဖွဖွလေး ပုတ်ပေးလိုက်သည်။  သို့ပေမယ့် ကောင်းကင်အရောင်ကို ကြည့်လိုက်တော့ အခြေအနေမဟန်ဘူးဟု ခံစားမိလာသဖြင့် စိတ်ပူလာပြန်သည်။

အခုဆောင်းရာသီက နေရောင်တောက်ပသည့် နေ့ခင်းဘက်အချိန်တွေမှာဆို နေလို့ကောင်းသည်။ ညရောက်ပြီဆိုတာနဲ့ လေအေးက ချက်ချင်း တိုက်ခတ်လာသဖြင့် အအေးမိတာ အရမ်းလွယ်သည်။ အရင်တုန်းက သူလည်း ထိုအရာတွေကို သိပ်နားမလည်ပေ။ သူက လူကြမ်းကြီးတစ်ယောက်ဖြစ်သဖြင့် ချမ်းအေးလှသည့် နေ့တွေမှာဆိုလည်း ဘာမှမဖြစ်ပေ။ သို့ပေမယ့် ကုထင်ရန်က မတူပေ။ သူက နုနယ်လွန်းသဖြင့် လေးအေးနည်းနည်းတောင် အတိုက်မခံနိုင်ပေ။ ကလေးလေးပါရှိနေတော့ ပိုပြီးသတိထားရပေမည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now