အခန်း(၂၉) အိမ်ရှေ့စံ

5.6K 665 23
                                    

တဖြောက်ဖြောက်ရွာနေသည့် မိုးစက်တွေက
ကုထင်ရန်၏ ကိုယ်ပေါ် ကျဆင်းလာလေသည်။ သူက ချမ်းအေးမှုကို ခံစားလိုက်ရသော်လည်း တောင့်ခံ၍ ထိုနေရာမှာတင် တုပ်တုပ်တောင်မလှုပ်ဘဲရပ်နေလိုက်သည်။

သို့‌ပေမယ့် မိန်းမငယ်လေးတွေ၏ ပျော်ရွင်မြူးတူးစွာ ပြောဆိုနေသော စကားများကတော့ အဆက်မပြတ် သူ့ နားထဲ တိုးဝင်လာသည်။

"ငါကြားတယ်၊ ဒီနေ့ အရှင်မင်းကြီးက အလုပ်တွေကို ပစ်ချပြီး ကွေ့ဖေးမယ်မယ်ကို သွားကြည့်တယ်တဲ့"

ထို နန်းတွင်းသူ၏ မျက်နှာပေါ်က အားကျမှုက အတော်လေး သိသာထင်ရှားလွန်းနေပြီး တပ်မက်သည့် အငွေ့အသက်တစ်မျိုး ကိန်းအောင်းနေသည်။

"ဒါပေါ့၊ ငါတို့ ဧကရာဇ်က အနောက်နန်းဆောင်ကို အလာကျဲပေမယ့် လာတဲ့ အကြိမ်တိုင်း ကွေ့ဖေးမယ်မယ်ကို သွားကြည့်တယ်၊
ပြီးတော့ ဒီနန်းတော်ထဲမှာ မိဖုရားသိပ်မရှိတော့ ဧကရီနေရာက ကွေ့ဖေးမယ်မယ်အတွက်ပဲ ဖြစ်လောက်မယ်"

သူမ ပြောတဲ့အချိန်တွင် အသံကို တမင်တကာ လျော့လိုက်ပေမယ့် ညဟင်းလင်ပြင်မှာ ‌ဒီထက် တိုးညှင်းလှတဲ့ အသံဖြစ်နေရင်တောင် မဖုံးဖိနိုင်ချေ။ ကုထင်ရန်က စိတ်တည်ငြိမ်အောင် အတင်းအကျပ် ထိန်းချုပ်ထားပေမယ့် နှလုံးသားကတော့ အေးခဲသွားသည်။

"တကယ်လို့ ငါလည်း အဲ့ဒီလို ယောင်္ကျားမျိုးနဲ့ လက်ထပ်ရရင် အရမ်းကောင်းမှာပဲ"

"နင်ကလဲ၊ အဲ့ဒီလို ကံဇာတာမျိုး ဘယ်လိုလုပ်ရနိုင်မှာလဲ၊ ငါတို့ နောက်တော့ နန်းတော်ထဲကထွက်ပြီး မိသားစုကောင်းကောင်း ရှာနိုင်ရင် တော်ပါပြီ"

"......."

"......."

ထိုနှစ်ယောက် ကိုယ်နဲ့ မဆိုင်သော စကားများပြောရင်း တစ်ခစ်ခစ်ရယ်မောလျက် ဖြေးဖြေးချင်း ကုထင်ရန်နှင့် ဝေးရာသို့ ထွက်သွားကြလေသည်။

ကုထင်ရန်၏ ခေါင်းထဲမှာ မူးနောက်နေပြီး ခန္ဓာကိုယ်ကို ထောက်ကန်ထားတဲ့ အားအင်တွေက ချက်ချင်းဆုံးရှုံးသွားတော့မလို ခံစားမိလာသည်။ သူက နံရံကို အမှီပြုရင်း ခက်ခက်ခဲခဲဖြင့် ထိုနန်းဆောင်အတွင်းကနေ လျှောက်လှမ်းလာသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now