အပိုင်း(၅၂) ရှောင်းတန်းယွင်၏ အဆုံးသတ် (ပထမအပိုင်း)

2K 290 17
                                    

ကုထင်ရန်က သူ့ကို စိုက်ကြည့်နေပြီး မျက်ဝန်းအစုံက ဒေါသကြောင့် နီရဲနေလေသည်။

"ခင်ဗျား! ခင်ဗျား ယုတ်မာမလို့လား"

ကျောက်ဝမ်ယုံးလည်း သတ္တိတွေ ဘယ်ကထွက်လာမှန်း မသိတော့ချေ။ လည်ကိုဆန့်၍ ရဲရဲဝံဝံပြောလိုက်သည်။

"ငါက ဘာလို့ ယုတ်မာရမှာလဲ! ငါ မင်းကို ပြောမယ်၊ ငါက ဧကရာဇ်၊ တကယ်လို့ ငါလိုချင်ရင် ငါ့အိပ်ရာပေါ်တတ်လာချင်တဲ့ လူတွေ တပုံကြီး"

"ကလေးကြောင့်မဟုတ်ရင် ငါက ဒီကို အနှိမ်လာခံမယ်လို့ မင်းထင်နေတာလား"

ကုထင်ရန်မှာ သူ့ကြောင့် အသေဒေါကန်သွားပြီး စောင်ကို ဖယ်၍ ထွက်သွားဖို့ တွေးလိုက်သည်။ နန်းဆောင်ထဲမှာ ကြမ်းပြင်ကို နွေးအောင်လုပ်ထားသဖြင့် အေးမှာမဟုတ်ချေ။

သို့သော် သူခြေထောက်ချလိုက်သည်နှင့် ကျောက်ဝမ်ယုံးဆီက ပွေ့ချီခံလိုက်ရလေသည်။

"မင်းသတိထားဦး! ငါ့ကလေးကို အအေးမိအောင် မလုပ်နဲ့"

ကုထင်ရန်မှာ ရုန်းကန်ချိန်မရလိုက်ပေ။ ဒီတစ်ခေါက်မှာတော့ ကျောက်ဝမ်ယုံးက သူ့ထက် အရင် ပြစ်တင်ပြောဆိုလာလေသည်။

ကျောက်ဝမ်ယုံးက သတိထား၍ သူ့ကို သလွန်ပေါ် တင်ပြီးနောက် စောင်ထောင့်များကို  ဖိပေးလိုက်ပြန်သည်။ မျက်နှာကတော့ အေးစက်ခက်ထန်နေဆဲဖြစ်ပြီး ကြည့်ရတာ ထိတ်လန့်ဖွယ်အတိဖြစ်သည်။ သေချာခြုံပေးပြီးနောက် ကျောက်ဝမ်ယုံးက သူ့ကို တမင်ပြောလိုက်သေးသည်။

"ကလေးတစ်ခုခုဖြစ်လို့ကတော့ မင်း ငါနဲ့တွေ့မယ်"

ကုထင်ရန်၏ မဟုတ်တရုတ်အတွေးများကို လုံးဝ ဖြတ်တောက်ပစ်လိုက်လေသည်။

ကျောက်ဝမ်ယုံးက လုံးလုံးလျားလျား ကလေးအတွက်ပဲဖြစ်ကြောင်း သူ့ရဲ့ အပြုအမူနှင့် သက်သေပြလိုက်သည်။

ကုထင်ရန်က ဒေါသကို မြိုသိပ်လိုက်ပြီး ပြဿနာ ထပ်မရှာတော့ချေ။

သန္ဓေသားက တည်ငြိမ်သေးတာမဟုတ်သဖြင့် ကျောက်ဝမ်ယုံးလို ကောင်စားမျိုး အတွက်နဲ့ အလကားသက်သက် သူ့ရဲ့ ကလေးကို အထိခိုက်ခံဖို့ မတန်ချေ။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now