အပိုင်း(၈၃) သားအဖတွေ ခွဲခွာရခြင်း (ပထမပိုင်း)

3.5K 485 25
                                    

ခွမ်းနင်နန်းဆောင်မှာ တိုက်ပွဲတွေဖြစ်နေ
ပေမယ့် ကုထင်ရန်ကတော့ မုချန်နန်းဆောင်တွင် အေးချမ်းသာယာနေသည်။

ထိုပြဿနာတွေမရှိတော့ အခု သူက အနည်းငယ်ကြီးလာသည့်  ကလေးကို ပွေ့ရင်း မြူရတာကို အနှစ်သက်ဆုံးဖြစ်သည်။

ကျောက်ရှန့်ရှီး မမွေးခင်မှာ သူက ကစားစရာအများအပြားကို စုဆောင်းခဲ့‌ သဖြင့်  အခု အတော်ဖြစ်သွားကာ
တစ်ခုချင်းဆီ ယူထုတ်လိုက်သည်။

ထိုအသေးလေးက ထွားလာတော့
ကုထင်ရန်၏ ပုံရိပ်ကို ခပ်ရေးရေးမြင်နိုင်‌
ပေမယ့် များသောအားဖြင့် အပြင်ပန်းပုံသဏ္ဍာန်က ကျောက်ဝမ်ယုံးနဲ့ အနည်းငယ် ပိုတူသည်။

ရှေ့ရက်ပိုင်းတုန်းက သမားတော်ဌာနရှိ ဝါရင့်သမားတော်အိုကြီးက အရိုးအဆစ်ဖွဲ့စည်းပုံကို စမ်းပေးခဲ့သည်။ သန်မာကြံခိုင်သည့် အရိုးအစစ်ဖွဲ့စည်းပုံဖြစ်ပြီး နောက်ပိုင်းကျရင် ကျောက်ဝမ်ယုံးလိုအရပ် မြင့်မြင့်ထောင်ထောင်မောင်းမောင်း ‌ယောင်္ကျားတစ်ယောက် ဖြစ်လာနိုင်သည်။

ထို့အပြင် အဲ့ဒီ အသေးလေးက သေချာပေါက် လမစေ့ဘဲမွေးဖွားလာပြီး
မွေးခါစအချိန်တုန်းက ခြောက်ပေါင်ကျော်ရှိ၍ ကြည့်ရတာ ခန္ဓာကိုယ်က ကြည့်ကောင်းမည့်ပုံပေါ်သည်။

တစ်လပြည့်ခါစအချိန်မှာ သွက်သွက်လက်လက်ဖြစ်လာပြီး သာမန်ကလေးများနှင့် မတူတော့ပေ။ စားကောင်း၊ အိပ်ကောင်းပြီး ကြီးထွားနှုန်းကလည်း မြန်သည်။ သိပ်မကြာခင်မှာ အတော်လေး ထွားလာပြီး မွေးခါစတုန်းကလို ရှုံ့တွသည့် ပုံစံမဟုတ်တော့ဘဲ ချစ်စရာကောင်းသည့် မျက်နှာလေး ထွက်ပေါ်လာသည်။

ကိုယ်တိုင်က အပင်ပန်းခံပြီး မွေးထားသည့် ကလေးက နေရာတိုင်း ဟိုကောင်စုတ်နဲ့ တူနေသဖြင့် ကုထင်ရန်၏ စိတ်ထဲမှာ မသက်မသာဖြစ်သွားသည်။

အခုလိုပေါ့၊ ကျောက်ရှန့်ရှီးက သစ်သားဓါးနှင့် သစ်သားမြင်းရုပ်လေးကို မြင်တာနဲ့ မျက်ဝန်းအစုံက တောက်ပသွားပြီး ထိုအရာတွေနှင့် ကစား‌ချင်သဖြင့် မပီကလာပီကလာစကားသံတွေ ထွက်လာသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now