အပိုင်း(၂၁) ပထမဆုံးအကြိမ် အရည်အချင်းထုတ်ပြခြင်း (ပထမပိုင်း)

2K 255 3
                                    

နောက်တစ်နေ့နံနက်စောစောတွင်
ကျောက်ဝမ်ယုံးက လူလွှတ်၍ မင်းသားငယ်လေးကို ဆွဲခေါ်သွားခိုင်းလိုက်လေသည်။
ထိုအချိန်တွင် ကျောက်ရှန့်ရှီး အသေးလေးက ရုန်းကန်နေသေးသည်။ နှမြောစရာကောင်းတာက သူ့ခမည်းတော်၏ ပြင်းပြင်းထန်ထန်နှိပ်ကွပ်ခြင်းကို ခံလိုက်ရလေသည်။

ကျောက်ဝမ်ယုံးက ကျောက်ရှန့်ရှီး၏ ခေါင်းသေးသေးလေးကို ကြည့်၍ အထက်စီးဆန်ဆန်ဖြင့် ပြောလိုက်လေသည်။

"လူကြီးမင်း ကျူးကောယွီက မင်းစာသေချာ မလုပ်ဘူးတဲ့၊ မြန်မြန်ဆန်ဆန် စာသွားမလုပ်ဘဲ ဘာလုပ်နေသေးတာလဲ"

ကျောက်ရှန့်ရှီးက ဒေါသထွက်လွန်းသဖြင့် အံတကျိတ်ကျိတ်ဖြစ်နေလေသည်။ အဆုံးမှာတော့ သူခမည်းတော်ကို မလွန်ဆန်နိုင်သဖြင့် ကျူးကောယွီ၏ လက်ထဲ အပို့ခံလိုက်ရလေသည်။

နှစ်ပေါင်းများစွာကြာပြီးနောက် နောက်လာနောက်သားတွေက တကျိူး၏ ဆက်ခံသူ ဧကရာဇ် ကျောက်ရှန့်ရှီးအပေါ် အကဲဖြတ်ချက်အများစုတွင် စကားတစ်ခွန်းက မပါမဖြစ်ပေ။ အသက်ငယ်သော်လည်း ရာဇဣန္ဒြေရေရှိပြီး အထုံပါရမီထူးကဲသည့် ပါရမီရှင်ဖြစ်သည်။ သို့သော် ဒါဟာ ငယ်ငယ်တုန်းက ‌ဒုက္ခပင်လယ်‌ဝေခဲ့ပြီးမှ သင်ယူတတ်‌မြောက်ခဲ့သည့် အရာတွေဆိုတာကို ဘယ်သူက သိနိုင်မည်နည်း။

ကုထင်ရန် နိုးလာသည့်အချိန်တွင် လူကြီးရော အသေးလေးရော တစ်ယောက်မှ အရိပ်တောင်မမြင်ရတော့ချေ။

သူ မေးကြည့်လိုက်တော့ ဝမ်ကုန်းကုန်းက အရှင်မင်းကြီး မသွားခင်မှာ ပြောသွားသည့် စကားကို အမြန် ပြောပြလိုက်‌လေသည်။

"အရှင်မင်းကြီးက သခင်လေးနဲ့အတူ နေ့လည်စာ စားဖို့ ခဏနေ ပြန်လာမယ်တဲ့"

ကုထင်ရန်က တစ်‌ယောက်ထဲ ပျင်းရိနေလေသည်။ ကျောက်ဝမ်ယုံးက သူနှင့်အတူ နေ့လည်စာစားဖို့ လာမည်ကို တွေးမိလိုက်တော့ ချက်ချင်း သူ့ကို သွားထရှာလေသည်။ တစ်ခါ သူ စာရင်းရှင်းပြီးကတည်းက သူ့ကို ကျောက်ဝမ်ယုံးက မချုပ်ချယ်တော့ဘဲ အနောက်နန်းဆောင်ထဲမှာ ကြိုက်သလို လည်ပတ်ခွင့် ပြုထားသည်။ သို့ပေမယ့် တစ်ချက်တော့ရှိသည်။ ဘယ်သွားသွား လူတွေကို ခေါ်သွားရမည်။ အသိတရားမရှိတဲ့ကောင်တွေကိုအနိုင်ကျင့်ခွင့် လုံးဝ မပေးနိုင်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now