အခန်း(၆) ကြာပွတ်နှင့်ရိုက်ခြင်း

6.9K 834 45
                                    

ရှုရွေ့က မဆန့်ကျင်ရဲပေ။ ဘယ်လောက်မှမကြာပေ ကျောက်ဝမ်ယုံးသုံးနေကျ အမဲနှင့်ရွှေရောင်စပ်ထားသည့် ကြာပွတ်ကို ယူလာခဲ့သည်။

"ဖြန်း! ဆိုသည့် ကြာပွတ်သံတစ်ချက်က လေထုထဲထင်ရှားပြတ်သွားစွာ‌ပေါ်ထွက်လာသည်။ ခါတိုင်းလိုပင်  ပြင်းထန်ပြီးကြမ်းတမ်းသည့် ရိုက်ချက်တွေက ကုထင်ရန်၏ ကိုယ်ပေါ်ကျရောက်လာခဲ့သည်။ ကြာပွတ်တစ်ချက်က သူ့ကို နာကျင်လွန်း၍ လှုပ်တောင်မလှုပ်နိုင်ပေ။

ကျောက်ဝမ်ယုံးကတော့ မလုံလောက်သေးဘူးလို့ထင်မိသည်။ အားပြင်းပြင်းဖြင့် ကြာပွတ်ကို ဝှေ့ရမ်းကာ ကုထင်ရန်၏ ကိုယ်ပေါ်မှာ သွေးသံတရဲရဲအရှိုးရာ တစ်ခုပြီးတစ်ခု ချန်ရစ်‌စေသည်။

အားအင်အပြည့်ဖြင့် မြန်ဆန်လှသည့် ရိုက်ချက်က ကုထင်ရန်၏ အင်္ကျီကို စုတ်ပြဲသွားပြီး သွေးတွေက ခါးတစ်လျှောက်စီးကျလာကာ မုချန်နန်းဆောင်၏ ကြမ်းပြင်ကို ချင်းချင်းနီသွားခဲ့သည်။

"မှားပါပြီလို့ ပြောစမ်း"

"မြန်မြန်ပြောစမ်း"

ကျောက်ဝမ်ယုံး၏ မျက်လုံးတွေက နီရဲနေပြီး လက်သီးက ဆုပ်ထားရလွန်း၍ တဂျွတ်ဂျွတ်မြည်နေသည်။ တစ်ခုခုကို အစွမ်းကုန် မျိုသိပ်ထားနေသလိုပင်။

ဒီကြာပွတ်၏ အရသာကို ကုထင်ရန်က အခုမှ ပထမဆုံးအကြိမ် မြည်းစမ်းရတာမဟုတ်ပေ။ ထိုနှစ်က နဂါးသလွန်ပေါ် အပို့ခံရ၍ အသေအကြေ အတိုက်အခံလုပ်ပြီး ငြင်းဆန်သည့် အချိန်တုန်းကလည်း ကျောက်ဝမ်ယုံးက ထို ကြာပွတ်ကို သုံးပြီး သူ့ကို ပြင်းပြင်းထန်ထန် သင်ခန်းစာပေးခဲ့သည်။ အဲ့ဒီနှစ်တုန်းက ကြာပွတ်နဲ့အရိုက်ခံရတာတောင် အညံမခံခဲ့ပေ။ အခုဆို ပိုပြီးတော့ အညံခံမှာမဟုတ်ပေ။

ခန္ဓာကိုယ်ရဲ့ တစ်လက်မတိုင်းက နာကျင်လွန်းသဖြင့် တဆက်ဆက်တုန်ယင်နေတာတောင် သူက ထောင်လွှားစွာဖြင့် ခေါင်းမော့လာပြီး ကျောက်ဝမ်ယုံးကို ခပ်စိမ်းစိမ်း ကြည့်လိုက်သည်။

ထိုမျက်ဝန်းအစုံက ပြောနေသလိုပင်၊ ကြည့်လေ ခင်ဗျားက တလောကလုံးကို ပိုင်တော့ရော ဘာဖြစ်လဲ၊ ခင်‌ဗျားက သွေးအေးရက်စက်ပြီး အကြင်နာကင်းမဲ့တော့ရော ဘာဖြစ်လဲ၊ ခင်‌ဗျားလိုချင်တာကို မရနိုင်သေးတုန်းပဲ။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီTahanan ng mga kuwento. Tumuklas ngayon