အပိုင်း(၁၃) အပြင်ထွက်လည်ရန် (ဒုတိယပိုင်း)

2.2K 302 15
                                    

ဧကရာဇ်အရှင်က သွားချင်တာနဲ့ ချက်ချင်းထွက်သွားလိုက်လေသည်။ သူတို့ တစ်အုပ်က တုတ်တုတ်တောင်မလှုပ်ရဲကြသဖြင့် အတန်းလိုက်ကြီး လိမ်လိမ်မာမာဖြင့် ဒူးထောက်နေလိုက်ကြသည်။ ကုထင်ရန်ဆီက မက်လုံးအကြီးကြီးရလိုက်သည့်
ကျောက်ဝမ်ယုံးသည် ညနေစောင်းသည့်အချိန်ကျမှ အနှီလူတစ်အုပ်ကို သတိရမိလိုက်သဖြင့်သူတို့ကို ပြန်ခိုင်းဖို့ အန်းကုန်းကုန်းကို ပြောခိုင်းလိုက်လေသည်။ ထို့အပြင်အကယ်၍ စီမံခန့်ခွဲတာညံ့ရင် မင်းတို့လည်ပင်းပေါ်က ခေါင်းကို သတိထားကြဟု ခြိမ်းခြောက်ဖို့လည်း မမေ့လိုက်သေးချေ။ ထိုစကားက အမှန်ပင် လူကို ရင်တမမဖြစ်စေပါသည်။

သို့ပေမယ့် အခုလက်ရှိ ကျောက်ဝမ်ယုံးကတော့ သူတို့ကို လုံးဝ မေ့သွားခဲ့ပြီး သူ့အချစ်လေးကို သွားကြည့်ရန် ပျော်ပျော်ရွှင်ရွှင်ဖြင့် မုချန်နန်းဆောင်သို့သွားလိုက်လေသည်။

ကုထင်ရန်က နန်းဆောင်ကြီးထဲမှာ ပျင်းရိလွန်းလာသဖြင့် သူနှင့်အတူ ပုရစ်တိုက်ပွဲတိုက်ရန် ကုန်းကုန်းလေးတစ်ယောက်ကို ဆွဲခေါ်ခဲ့လေသည်။ ကျောက်ဝမ်ယုံး ဝင်လာသည့်အချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် တိုက်ပွဲက အပြင်ထန်ဆုံးအချိန်ဖြစ်နေလေ၏။

"တတ်လေ! တတ်လေ!

ကုထင်ရန်က အလံလေးရမ်းပြီး အော်လိုက်တာနဲ့ ကျောက်ရှန့်ရှီး၏ အော်သံက အကျယ်ဆုံးဖြစ်လာလေသည်။ ခုနကမှ သူသည်
ကျူးကောယွီ၏ လက်ထဲကနေလွတ်လာတာဖြစ်ပေမယ့် စိတ်လှုပ်ရှားတတ်ကြွနေလေသည်။ ဒီကစားပွဲနဲ့တိုးလိုက်တော့ ခဏတာအတွင်းမှာ မထိန်းချုပ်နိုင်တော့ချေ။ အတန်ကြာသည်အထိ အားပေးပြီးနောက်
ထိုကုန်းကုန်းလေးကို မောင်းထုတ်ပြီး ကိုယ်တိုင်ကိုယ်ကျ ဝင်ပါချင်လာလေသည်။

ကံမကောင်းစွာဖြင့် သူ့အဖေက ခွင့်မပြုချေ။ သူ့ခေါင်းပေါ် တစ်ချက် ပုတ်လိုက်ပြီး ပြန်ဆုတ်ခိုင်းလိုက်လေသည်။

မတတ်နိုင်သည့်အဆုံး လိမ်လိမ်မာမာဖြင့်
ကုထင်ရန်၏ အနောက်မှာ နေပြီး သူ့ရဲ့
"ဝေးမန်"အတွက် အလံရမ်း၍ အားပေးနေလိုက်သည်။

(T/N ဝေးမန်က ပုရစ်နာမည်ပါ)

ထို ကုန်းကုန်းလေးဘက်မှာ နှစ်ယောက်တစ်တွဲ သုံးယောက်တစ်စုဖြင့် လူအချို့က ကျိုးတိုးကျဲတဲရပ်နေကြသည်။ အနိုင်ရနိုင်ခြေနည်းလို့လား ဒါမှမဟုတ် ဘယ်သူမှ
ကုထင်ရန်ကို အတိုက်အခံမလုပ်ရဲလို့လားတော့ မသိချေ။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now