အပိုင်း(၈၄) သားအဖတွေခွဲခွာရခြင်း (ဒုတိယပိုင်း)

3.3K 466 17
                                    

ထိုကိုက်ချက်မှာ အားအင်အပြည့်အဝ အသုံးပြုထားပေမယ့် သူက ငယ်သေးတော့ သွားမပေါက်သေးပေ။

အားပါပေမယ့် ဘာအနာတရမှ ဖြစ်မသွားချေ။

"အား!"

ရှောင်းတန်းယွင်က အနည်းငယ် ထိတ်လန့်သွားပြီး တစ်ချက်အော်လိုက်သည်။  ကျောက်ဝမ်ယုံးက အနောက်ကနေ
ကျောက်ရှန့်ရှီး၏ ဂုတ်ကိုဆွဲလိုက်မှသာ သူများ လက်ကို လွှတ်ပေးလိုက်သည်။

ကျောက်ဝမ်ယုံးက ရှောင်းတန်းယွင်ကို
ဂရုမစိုက်ဟန်ဖြင့် တစ်ခွန်းပြောလိုက်သည်။

"ကလေးကငယ်သေး‌တော့ ဧကရီက စိတ်ထဲမထားပါနဲ့"

ထိုစကားတစ်ခွန်းကြောင့် ရှောင်းတန်းယွင်က မျက်နှာတစ်ခုလုံးနီမြန်းသွားသည်။ သူမက စိတ်ထဲရှိ ဒေါသကို သည်းခံလိုက်ပြီး ဣန္ဒြေသိက္ခာရှိသည့် ပုံစံ ပြန်ဖမ်းလိုက်သည်။

"ဟုတ်ကဲ့"

ပြောရရင် ကျောက်ဝမ်ယုံးက ဒီဧကရီကို အတော်လေး စိတ်ကျေနပ်သည်။

ရှောင်းတန်းယွင်သည် ဂုဏ်သတင်းကျော်စောသည့် မိသားစုကြီးက မွေးဖွားလာသူပီပီ ကုရို့လန်နှင့်ယှဉ်ရင် သူမက လူသိများသည်။ ခါတိုင်းဆိုရင်လည်း သူမက ဣန္ဒြေသိက္ခာရှိကာ ရိုးသား၍ အကျင့်စာရိတ္တကောင်းမွန်သည့် ပုံစံဖြစ်သည်။ လူတွေနှင့် ပေါင်းသင်းဆက်ဆံသည့်နေရာမှာလည်း သဘောထားကြီးတယ်လို့ ယူဆလို့ရသည်။ တကယ့်ကို ဧကရီအဖြစ် ရွှေးချယ်သင့်သည့် လူတစ်ယောက်ဖြစ်သည်။

ကျောက်ဝမ်ယုံးက အချိန်ကျလို့ ကိစ္စတွေ သိတဲ့အခါ သူမ လိမ္မာနေ‌သရွေ့ ကုထင်ရန်ကို အခက်တွေ့အောင်မလုပ်သရွေ့ သူမရဲ့ ဧကရီနေရာကို ဘယ်သူမှ ထိလို့ရမှာမဟုတ်ဘူးဟု တွေးထားခဲ့သေးသည်။ သို့ပေမယ့်
ကျောက်ဝမ်ယုံးက သူမကို စိတ်ကျေနပ်လည်း သူ့ရဲ့ ချစ်သည်းညှာကို တစ်စုံတစ်ယောက်က ထိပါးလာရင်တော့ သည်းခံနိုင်မှာမဟုတ်ပေ။

ကုထင်ရန်က သူ့အတွက် အရေးပါဆုံးလူဖြစ်သည်။ အဲ့ဒီကောင်လေးရဲ့ နေရာက သူ့နှလုံးသားထဲတွင် သူ့ရဲ့ အ‌မေထက် နည်းနည်းသာ နိမ့်ပြီး သေချာပေါက် ဘယ်သူမှ လာထိလို့လည်းမရပေ။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now