အပိုင်း(၇) တခြားသော ရည်ရွယ်ချက်ရှိခြင်း

2.8K 385 9
                                    

ကျောက်ဝမ်ယုံး ရောက်သည့်အချိန်တွင်
ကုထင်ရန်က စားကောင်းသောက်ဖွယ်တစ်ပုံကို ကြည့်ပြီး မျက်လုံးက အရောင်လက်နေ လေသည်။

သူဝင်လာသည်နှင့် ကုထင်ရန်က သူ့ကိုဆွဲခေါ်သွားလေသည်။

"အရှင် မြန်မြန်လာ"

ကျောက်ရှန့်ရှီးက နောက်လိုက်လေးလို
ကုထင်ရန်နောက်လိုက်လာပြီး အင်မတန် လိမ္မာနေလေသည်။

ကျောက်ဝမ်ယုံးက ပြုံးလျက် ကုထင်ရန်ကို ကြည့်လိုက်သည်။

"မင်း ဒါ ဘာလုပ်နေတာလဲ"

ကုထင်ရန်က မျက်ဆံတစ်ချက်လှန်ပြလိုက်သည်။

"အရှင့်ကို အပြစ်တင်မနေတော့ပါဘူး၊ သူတို့က အရှင်လာမယ်တဲ့၊ အရှင်‌လာမှ စားလို့ရမယ်လို့ပြောတယ်"

သူပြောရင်းပြောရင်း ဘာကို စဉ်းစားမိလည်း မသိချေ။ စိတ်တိုသွားသဖြင့် ပါးလေးနှစ်ဖက်က ဖောင်းသွားလေသည်။

ကျောက်ဝမ်ယုံးက ရယ်ချင်သွားသည်။ နန်းတော်ထဲ၌ အမှန်တကယ်ပင် ရှုပ်ရှုပ်ယှက်ယှက် စည်းကမ်းတစ်ပုံရှိသည်။ သူဧကရာဇ်ဖြစ်ခါစအချိန်တုန်းကလည်း ကျင့်သားမရချေ။ သို့ပေမယ့် ထိုအချိန်တုန်းက ကုထင်ရန်သည် မျိုးရိုးမြင့် အထက်တန်းလွှာမိသားစုထဲက သားတစ်ယောက်ပုံစံဖြစ်သည်။ ဘာလုပ်လုပ် အင်မတန် သေသတ်ကျနသည်။

အခု သူက ဘာဆိုဘာမှ မမှတ်မိတော့သဖြင့် ရှိုးတိုးရှန့်တန့်ဖြစ်နေမှုတွေ မရှိတော့ချေ။

ကြည့်ရတာ သူနှင့် စစတွေ့ချင်း အချိန်တုန်းကလို တပုံစံတည်းဖြစ်သည်။ မဟုတ်သေး၊ တကယ်တော့ အနည်းငယ် ကွာခြားပါသေးသည်။

သူ့ကို ပထမဆုံးအကြိမ် တွေ့သည့်အချိန်တုန်းက သူသည် စိတ်အားထက်သန်တတ်ကြွပြီး ဟိတ်ဟန်တပုံနှင့် ဇွတ်တရွတ်နိုင်လှသည်။ သို့ပေမယ့် ထိုအချိန်တုန်းက သူ့ကို ကြည့်ရတာ အခုထက် ပို၍ ချင့်ချင့်ချိန်ချိန်ရှိဦးပေမည်။ သို့သော် အသွေးအသားထဲရှိ ခေါင်းမာမှုတွေက‌တော့ ထိုးထွင်းမြင်နိုင်နေဆဲဖြစ်သည်။

ကျောက်ဝမ်ယုံးက ကုထင်ရန်ကို လှိုက်လှိုက်လှဲလှဲ ပြုံးပြလိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now