အပိုင်း(၆၈) လွမ်းဆွတ်တမ်းတမိခြင်း

2K 320 18
                                    

သူတို့ရဲ့ အကြံအစည်က အထမြောက်အောင်မြင်သွားပေမယ့် အဆုံးမှာတော့ ခဲလေသမျှသဲရေကျဖြစ်သွားမယ်လို့ မထင်ထားကြပေ။

ကိစ္စအဝဝ ငြိမ်သက်သွားပြီးသည့်
နောက်တစ်နေ့နံနက်တွင် လူအပေါင်းက မျှော်လင့်ချက်ကိုယ်စီထွေးပိုက်လျက် ညီလာခံသို့ တတ်‌ရောက်လာခဲ့ကြသည်။ အဆုံးမှာတော့ မတွေ့ရတာ ကြာပြီဖြစ်သည့် ဧကရာဇ်အရှင်ကို မြင်ခွင့်ရခဲ့ကြသည်။
ကျောက်ဝမ်ယုံး၏ မျက်နှာက ကြည့်ရတာ အနည်းငယ် ချောင်ကျသွားသလိုပင်။
သို့ပေမယ့် လူတော်တော်များများက စိတ်ထဲ မထည့်ခဲ့ကြချေ။

သည်တစ်ခေါက် ရှင်းလင်းသုတ်သင်မှုကြီးတွင် ဧကရာဇ်အရှင် အနည်းငယ် ပင်ပန်းနွမ်းနယ်သွားတာ ဖြစ်သင့်ပါသည်။ အကြောင်းမဲ့သက်သက် ထိုအဆိပ်ခပ်ခဲ့မှုကြီးကိုတော့ ဘယ်သူမှ မယုံကြချေ။ ဖင်အိမ်တော်က ပုန်ကန်ထကြွဖို့ အင်အားမရှိသေးသဖြင့် ဧကရာဇ်အရှင်အား အဆိပ်ခပ်ခဲ့သောကိစ္စသည် သူတို့လုပ်နိုင်သည့် ကိစ္စမဟုတ်တာ သိသာပါသည်။

လူတော်တော်များက ဒါဟာ ဧကရာဇ်အရှင်က တမင် အကြောင်းပြချက်ရှာခဲ့တာဟု ထင်ကြသည်။ အကြောင်းအရင်းမှာ ညီလာခံခန်းမထက်က ခြတစ်အုပ်ကို ရှင်းပစ်ချင်လို့ဖြစ်သည်။

သူတို့ စောင့်မျှော်နေသည့်အရာက ထုတ်ပြန်လာတော့မည့် ခန့်အပ်လွှာကိုဖြစ်သည်။

သည်နေ့ ညီလာခံထက်တွင် ပုံမှန်ကိစ္စရပ်များကိုသာ ဆွေးနွေးနေကြသဖြင့် ကျန်ရှိသည့် အမတ်များက တက်တက်ကြွကြွသိပ်မရှိကြ တော့ချေ။

ညီလာခံစဲတော့မည့်အချိန်တွင် အန်းကုန်းကုန်းက စိမ်ပြေနပြေနဲ့ အနောက်ဘက်ကနေ အမိန့်စာတစ်စောင် ယူထုတ်လာခဲ့သည်။ ထိုကျမှသာ လူအပေါင်းက မျက်လုံးကျယ်သွားပြီး မျှော်လင့်တကြီးနဲ့ ခေါင်းမော့လာကြသည်။

"ကောင်းကင်သားတော် ဧကရာဇ်အရှင်၏ အမိန့်တော်..." အန်းကုန်းကုန်း၏ တည်ငြိမ်သော အသံ ပျံ့လွင့်လာသည်နှင့် ညီလာခံခန်းမထက်ရှိ အမတ်များက တဖြေးဖြေး မျက်မှောင်ကျုံ့လာကြသည်။

ထိုလူတွေထဲက တစ်ယောက်ကိုတောင် သူတို့ အဘယ်ကြောင့် မကြားဖူးရသနည်း။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီUnde poveștirile trăiesc. Descoperă acum