အခန်း(၆၆) နောက်ကွယ်ကလူ

3.8K 528 27
                                    

ကုထင်ရန်က ရက်အတော်ကြာ စဉ်းစားခဲ့သော်လည်း မုဟယ်ကို အဆိပ်ပေးသည့် လူနှင့်ပတ်သက်ပြီး အစအန လုံးဝမရပေ။

ရူရွေ့ကို ဘေးဘက်က ဟယ်ဟွားအဆောင်ကို စောင့်ကြည့်ရန် ကုန်းကုန်းလေးတစ်ယောက်ကို စေလွှတ်ခိုင်းထားလိုက်သည်။ ထိုလူက မုဟယ်ကို ဘယ်အချိန် ထပ်ဆက်သွယ်လာမလဲဆိုတာကို စောင့်ကြည့်ပြီး သူတို့ကို အမိဖမ်းရမည်။ နှမြောစရာကောင်းတာက ဟယ်ဟွားအဆောင်က တိတိဆိတ်ငြိမ်သက်နေပြီး လှုပ်ရှားမှုအနည်းငယ်တောင် မရှိပေ။ ထိုနောက်ကွယ်ကလူကလည်း ထိုနောက်ပိုင်းမှစပြီး ထပ်မံ ပေါ်မလာတော့သည့်ပုံရသည်။

ကျောက်ဝမ်ယုံးက ထိုနေရာကနေ ကွေ့ပတ်လျှောက်သွားတဲ့အချိန်မှာတောင် မုဟယ်က ရိုသေကျိုးနွံသည့်ပုံစံဖြင့် သူမရဲ့ နန်းဆောင်ထဲမှာ နေနေသည်။ ကျောက်ဝမ်ယုံးကို မျက်စိနောက်အောင် လုပ်ဖို့ ဘယ်တုန်းမှ ထွက်မလာဖူးချေ။

ပုံမှန်ရက်တွေမှာဆိုလည်း သူမက အပြင်ထွက်ခဲပြီး အရင်တုန်းကလို ‌အစေခံပုံစံ ဖြစ်နေဆဲဖြစ်သဖြင့် ရည်မှန်းချက်ကြီးတာကို လုံးဝ မတွေ့ရပေ။

ကုထင်ရန် စုံစမ်းလိုက်လို့သာပေ။ ကျင်စဲ့လိုခေါ်သည့် အစေခံက အရင်တုန်းက မုဟယ်နဲ့အတူ ကုရို့လန်နန်းဆောင်မှာ အစေခံလုပ်ခဲ့ပြီး နှစ်ယောက်သားရဲ့ ဆက်ဆံရေးက  အတော်လေး ကောင်းသည်။ ထိုအပြင် မုဟယ်သည် မကြာသေးမီကမှ  ထိုတစ်ယောက်ကို တမင်တကာ သွားရှာခဲ့ပြီး နှစ်ယောက်သား နာရီဝက်လောက်ထိ လျှို့ဝှက်ဆွေးနွေးခဲ့ကြသည်။

ကုထင်ရန်လို ထက်မြက်ပြီး ယုံကြည်ချက်ရှိသည့်လူတောင် ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ကို သံသယဖြစ်မိသည်။

သို့ပေမယ့် ဒါက ပိုထူးဆန်းသွားပြီဖြစ်သည်။

အရင်က ကုထင်ရန် နေမကောင်းဖြစ်သည့်အချိန်မှာ ကုရို့လန်က ဟန်ဆောင်ပန်ဆောင်ဖြင့် သူ့ကျန်းမာရေးကို ထိခိုက်စေပြီး ကောင်းကျိုးမရှိသည့် အားဖြည့်စာကို ပို့ခဲ့ဖူးသည်။ ထိုအချိန်တုန်းက အားဖြည့်စာကို ပို့ပေးသည့်သူက မုဟယ်ဖြစ်သည်။

ကုထင်ရန်က သူမကို သတိထားမိသည်။ တစ်ချက် ကြည့်လိုက်တာနဲ့တင် အလိုရမ္မက်ကြီးပြီး တုံးအသည့် မိန်းကလေးမှန်း သိသည်။ ရည်မှန်းချက်ကြီးပြီး ဟန်ဆောင်နိုင်စွမ်းလည်း မရှိပေ။ ခံစားရသမျှအကုန် မျက်နှာပေါ်မှာ ပေါ်သည်။ ကုရို့လန်လို တုံးအသည့် လူမျိုးသာလျှင် ထိုလူမျိုးကို လူယုံတော်အဖြစ် သဘောထားမှာဖြစ်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီDove le storie prendono vita. Scoprilo ora