အခန်း (၅၃) တိတ်တိတ်ပုန်း ဖောက်ပြန်နေသူအား လက်ရဖမ်းခြင်း (ပထမပိုင်း)

5.3K 644 58
                                    

ကုထင်ရန် မျက်လုံးဖွင့်လိုက်သည်နှင့် လက်တကမ်းအကွာ၌သာရှိသော
ကျောက်ဝမ်ယုံး၏ မျက်နှာကို မြင်လိုက်ရသည်။

ကျောက်ဝမ်ယုံးက သူနိုးလာတာကို မြင်တော့ ရုတ်တရက်ဆန်သည့် ပျော်ရွင်မှုများက သူ့နှလုံးသားထဲ ပြည့်နှက်သွားသည်။ သူက လက်ဆန့်လိုက်ပြီး ဂရုတစိုက်ဖြင့်
ကုထင်ရန်၏ ပါးပြင်ကို ပွတ်သက်လိုက်သည်။

"မင်းနိုးပြီလား"

ကျောက်ဝမ်ယုံးက ပြုံးရင်း အသံထဲမှာ ရှားရှားပါးပါး ကြင်နာမှုများ ကိန်းဝပ်နေသည်။

"အင်း"

ကုထင်ရန်က မသိမသာ ခေါင်းငြိမ့်လိုက်ပြီး သူက ခုလေးတင်နိုးလာသဖြင့် အသံထဲမှာ ပျင်းရိလေးတွဲမှုများ ကိန်းအောင်းနေသည်။ ကျောက်ဝမ်ယုံး၏ မျက်လုံးထဲမှာတော့ အပျင်းထူနေသည့် ကြောင်လေးတစ်ကောင်
နှင့်တူနေသည်။ ကျောက်ဝမ်ယုံး၏ ရယ်သံက ရုတ်တရက် ပျံနှံသွားပြီး သူက
ကုထင်ရန်၏ ဆံနွယ်ကို ဖွဖွလေး ပွတ်သက်လိုက်သည်။ အသံထဲတွင် အချစ်စိတ်များနှင့် ပြည့်နှက်နေသည်။

"မင်းက ကြောင်လေး တစ်ကောင်လိုပဲ"

အနောက်ကနေ လိုက်လာသည့် ရူရွေ့က စိတ်ထဲမှာ မတွေးမိဘဲမနေနိုင်ပေ။ တကယ်လို့ အခြေအနေကို နားမလည်သည့် လူတစ်ယောက် ရှိနေခဲ့ရင် ဒီနှစ်ယောက်က အရမ်းချစ်ကြတဲ့ စုံတွဲတစ်တွဲလို့ ထင်သွားမှာလိမ့်မည်။ နှမြောစရာကောင်းတာက နူးညံ့သိမ်မွေ့သည့် စိတ်နှလုံးသားအောက်မှာ ဖုံးကွယ်ထားတာက လျှို့ဝှက်အကြံအစီတွေနှင့် တစ်ကိုယ်ကောင်းဆန်သည့် ကြံရွယ်မှုများဖြစ်သည်။ အချစ်လို့ပြောရင် ထို ဝေါဟာရကို အကြောင်းမဲ့သက်သက် စော်ကားသလိုဖြစ်နေသည်။ ကျောက်ဝမ်ယုံးသည် ခဏလောက် စောင့်လိုက်သည်။
ကုထင်ရန် လုံးလုံးလျားလျား နိုးလာတာကို မြင်တော့ ချက်ချင်း သူ့ကို ပွေ့ချီလိုက်သည်။

ကျောက်ဝမ်ယုံးက အရမ်မြင့်မြင့် ကိုယ်ထည် တောင့်တောင့်တင်းတင်းဖြင့် မွေးဖွားလာ
သည်။ ကုထင်ရန်က သူ့ရှေ့မှာဆို အလွန့်အလွန် သေးသွယ်ပုံပေါက်ပြီး အခုလိုမျိုးပင် ကလေးတစ်ယောက်လို အမြဲတမ်း ပွေ့ချီခံရသည်။ ကုထင်ရန်၏ စိတ်ထဲမှာ အနည်းငယ် မသက်မသာဖြစ်မိသဖြင့် မသိမသာမျက်မှောင်ကျုံ့လိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now