အပိုင်း(၆၉) မွေးစားသား

2K 317 25
                                    

ဆရာကြီးလျှိုသည် နန်းတော်ထဲသို့ အကြိမ် ရေအချို့လောက် ထပ်သွားခဲ့သည်။ နောက်ဆုံးမှာတော့ မိုးညတစ်ညမှာ ဧကရာဇ်အရှင်နှင့် တွေ့ခွင့်ရခဲ့သည်။

ကျောက်ဝမ်ယုံးသည် အလွန်တရာ ဂုဏ်သတင်းကျောဇောလှသော ထို ဆရာကြီးကို တကယ်တော့ မမြင်ဖူးချေ။ သူမြို့တော်သို့ ပြန်ရောက်ခါစမှာ ထိုဆရာကြီးက အလုပ်ထွက်သွားပြီဖြစ်သည်။ ထိုအချိန်တုန်းက ထွက်ခဲ့သည့် ကောလဟာလအရ သုံးစားမရသည့် သူ့အစ်ကို အချို့က စိတ်ထားမြင့်မြတ်လှသော ဆရာကြီးကို မရမက ဆွဲချခဲ့ကြသည်ဟုဆိုသည်။ ထိုအတွက်ကြောင့် ဆရာကြီးမှာ ခြေကုန်လက်ပန်းကျခဲ့ရပြီး အလုပ်ပါ ချက်ချင်း ထွက်ခဲ့သည်။

သို့ပေမယ့် ကျောက်ဝမ်ယုံးကတော့ သူများပြောသည့် ကောလဟလများကိုသာ ကြားခဲ့ရသဖြင့် ဆရာကြီးသည် အငြင်းအခုန်မပျက်သည့် ညီလာခံခန်းမကို တကယ်စိတ်ကုန်သွားတာကြောင့် နှုတ်ထွက်သွားတာဖြစ်နိုင်သည်ဟု သူခန့်မှန်းထားသည်။

မိသားစုဝင် တစ်ယောက်လေးတောင်မရှိသည့် လူအိုကြီးအတွက် ဒီထက်မကပိုတဲ့ အာဏာရှိရင်တောင် အသုံးချစရာနေရာမရှိချေ။

ညဘက်တွင် အပြင်ဘက်၌ မိုးများ တဖြောက်ဖြောက်ရွာနေလေသည်။
ကျောက်ဝမ်ယုံး၏ မျက်နှာက ဖယောင်းတိုင်မီးအောက်မှာ ကွယ်နေသဖြင့် ရှင်းရှင်းလင်းလင်း သိပ်မမြင်ရချေ။ ဆရာကြီးလျှို၏ မျက်လုံးကလည်း ငယ်ငယ်တုန်းကလို ကြည်လင်ပြတ်သားမနေတော့သဖြင့် လူတော်တော်များများ၏ မျက်နှာကို သိပ် ရှင်းရှင်းလင်းလင်း မမြင်ရတော့ချေ။ သို့ပေမယ့် မှုန်ဝါးဝါး ဖယောင်တိုင်မီးအောက်တွင် နဂါးထိုင်ခုံထက်၌ ကျကျနနထိုင်နေသည့် ဧကရာဇ်အရှင်က လန်းလန်းဆန်းဆန်း သိပ်မရှိသလို ခံစားမိသည်။

သို့သော် ထိုအရာက ခဏတာ အထင်မှားမှုသာ ဖြစ်သည်။ ကျောက်ဝမ်ယုံး၏ ကြံခိုင်သန်မာသော ခန္ဓာကိုယ်က ဆရာကြီးလျှို စိတ်ထဲရှိ သံသယ တော်တော်များများကို တိုက်ချွတ်ဆေးကြောပေးလိုက်လေသည်။

ဆရာကြီးလျှို့က ခါးကိုင်း၍ ကျောက်ဝမ်ယုံးကို ပြောလိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now