အခန်း(၂၀) နည်းနည်းလောက်ရိုးသားစမ်းပါ

6.1K 737 21
                                    

ကုထင်ရန်၏ စကားဆုံးသွားသည်နှင့် လေထုကပါ တိတ်ဆိတ်ငြိမ်ကျသွားသည်။
ကျောက်ဝမ်ယုံး၏ မျက်နှာအရောင်က မှောင်မဲနေလေသည်။ သူက စိတ်တိုးလွန်းသဖြင့် ဦးရေပြားတောင်ထုံကျဉ်လာပြီး အသက် ပြင်းပြင်းရှုသွင်း‌နေတာတောင် မငြိမ်သက်လာသေး‌ချေ။

"ငယိုး!"

ကျောက်ဝမ်ယုံးက ကုထင်ရန်၏ ထိုပုံစံကို ကြည့်ရင်း လက်ပါချင်တဲ့စိတ်ကို အမှန်ပင် မအောင့်အီးနိုင်တော့။ သူရဲ့ ဒေါသတွေကို လွှတ်ထုတ်စရာနေရာမရှိသဖြင့် အခန်းထဲမှ အဖိုးတန် ကြွေထည်များကို အစိတ်အမြွာမြွာဖြစ်အောင် ခွဲနေ‌‌တော့သည်။
ထိုကဲ့သို့ လုပ်လည်း သူ့ ဒေါသတွေကမပြေသေးသဖြင့် သူက မူလနေရာမှာတင် အလောတကြီး လှည့်ပတ်နေကာ ကုထင်ရန်ကို လက်ညှိုးထိုးပြီး

"ငါ မင်းကို မရိုက်တော့ ဘာလုပ်ချင်လဲ"

လေသံကတော့ ထုံစံအတိုင်း ခက်ထန်လွန်းနေ၏။ လှောင်အိမ်ထဲမှာ ပိတ်လှောင်ခံထားရသည့် သားရဲတိရစ္တာန်ပမာ ဒေါသတွေကို အားကုန်လွှတ်ထုတ်နေပေမယ့် ထွက်ပေါက်ကို ရှာမတွေ့သည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။

ကုထင်ရန်သည် ကျောက်ဝမ်ယုံး၏ လေသံထဲမှ အကူအညီမဲ့မှုနှင့် ဝမ်းနည်းညိုးငယ်နေမှုကို မခံစားမိချေ။ ကြောက်ရွံထိတ်လန့်နေသည့် မျက်နှာဖြင့် ကျောက်ဝမ်ယုံးကို ကြည့်နေသောကြောင့် ကျောက်ဝမ်ယုံးမှာ ပိုပြီး ဒေါသထွက်သွား‌လေသည်။

ဘာ ဧကရာဇ်တစ်ပါးရဲ့ ဂုဏ်သိက္ခာလဲ၊ သူ့ခေါင်းထဲမှာ ခံယူချက် အနည်းငယ်တောင်မရှိတော့‌ချေ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ညစ်စုတ်ညံဖျင်းသည် စစ်သားတစ်ယောက်နှင့် လုံးဝ တစ်ပုံစံတည်းဖြစ်နေသည်။

သူက ဘေးဘက်မှ တိုင်လုံးကို တချက်ဆောင့်ကန်လိုက်သဖြင့် အသံအကျယ်ကြီးတချက် ထွက်ပေါ်လာသည်။ ကြားလိုက်တဲ့
ကုထင်ရန်တောင် အတော်လေး နာသွားမှာပဲဟု ထင်မိသွား၏။ သို့ပေမယ့်
ကျောက်ဝမ်ယုံးကတော့ ဘာမှ မခံစားရတဲ့ပုံပေါ်သည်။ ထိုထက်ပင်မက သူ့ရဲ့ ဒေါသတွေကို အလုံးစုံ မလွှတ်ထုတ်နိုင်သေးချေ။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now