အပိုင်း(၇၃) အလိုလိုက်အကြိုက်ဆောင်ခြင်း

3.6K 498 27
                                    

ကျောက်ဝမ်ယုံးက ထိုနေရာမှာ ရပ်လျက် မျှော်လင့်ချက်အပြည့်ဖြင့် ကုထင်ရန်ကို ကြည့်နေပြီး ချီးမွမ်းခံချင်နေသည့် ကလေးတစ်ယောက်လိုဖြစ်နေသည်။ မျက်နှာပေါ်က အပြုံးက ဖုံးကွယ်လို့တောင်မရနိုင်ပေ။

ကုထင်ရန်က သူ့ကို ကြည့်ပြီး ကြက်သေသေနေသဖြင့် ကျောက်ဝမ်ယုံးက ရုတ်တရက် ပြောလိုက်သည်။

"ပျော်လား"

ထိုစကားထဲတွင် ဆွဲဆောင်အားတွေ ကိန်းအောင်းနေသလိုပင်။ အရာအားလုံးကိုထွင်းဖောက်သွားခဲ့ပြီး  ကျောက်ဝမ်ယုံး၏ အပြုံးက ကုထင်ရန်၏ နှလုံးသားထဲသို့ တည့်တည့် ပစ်ခွင်းဝင်ရောက်သွားခဲ့သည်။

ကုထင်ရန်က ရုတ်ချည်း အကြည့်ကို ရုတ်သိမ်းလိုက်ပြီး ခေါင်းလှည့်ကာ သခင်မကြီးကုကို ကြည့်လိုက်သည်။

"အမေ"

ကုထင်ရန်က သခင်မကြီးကုကို တွဲပြီး ဝင်လာခဲ့သော်လည်း ခုနက ထိုစကားက အတွေးတွေကို ဆွဲခေါ်နေသဖြင့် အာရုံစိုက်နိုင်စွမ်းက အစောကြီးကတည်းက ဘယ်ကို ပျံထွက်သွားလည်း မသိပေ။ ခလုတ်တိုက်ဖို့ နည်းနည်းသာလိုတော့သည်။

ကျောက်ဝမ်ယုံးက အရှေ့မှာဆို‌တော့
မမြင်လိုက်ပေ။ သခင်မကြီးကုက သတိထားမိလိုက်သည်။ သူမက ကုထင်ရန်ကို တစ်ချက်ကြည့်လာပြီး ကုထင်ရန်၏ ဘယ်လက်ကို ကိုင်၍ ညင်ညင်သာသာ ပြောလိုက်သည်။

"ထင်ရန် လျှောက်တွေးမနေနဲ့"

သခင်မကြီးကု၏ အသံက ညင်သာပြီးအေးချမ်းနေသည်။ ကုထင်ရန်၏ ပျံ့လွင့်နေသည့် အတွေးများကို ချက်ချင်းပြန်ဆွဲခေါ်လာနိုင်ခဲ့သည်။

အရှေ့က ကျောက်ဝမ်ယုံး၏ မားမားမတ်မတ်ဖြစ်နေသည့် နောက်ကျောပြင်က ရက်စက် လှသည့် မှတ်ဉာဏ်များနှင့် ထပ်နေသည်။
ကုထင်ရန်က ရှင်းရှင်းလင်းလင်း သဘောပေါက်သွားသည်။ သူက
ကျောက်ဝမ်ယုံး ဖန်တီးထားသည့် အတုအယောင်ကြောင့် ဇဝေဇဝါဖြစ်လို့မရပေ။ အချစ်ဆိုသည့် စကားလုံးက သူတို့ကြားထဲမှာ ဘယ်တော့မှ ထွက်ပေါ်မလာသင့်ပေ။

ကျောက်ဝမ်ယုံးက ဘယ်လောက်ပဲ မေတ္တာစိတ်ပြည့်လှမ်းယိုဖိတ်နေပါစေ၊ ဘယ်လောက်ပဲ အလေးအနက်ထားပြီး ကတိပေးပါစေ၊ ကုထင်ရန် ရင်ဆိုင်ရမှာက အမြဲတမ်း ကိုယ်မင်းကိုချစ်တယ်ဆိုသည့် စကားရဲ့နောက်မှာ ဖုံးကွယ်ခံထားရသည့် အရာတွေဖြစ်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now