အပိုင်း(၉၁) ချစ်ရသူကို ပစ်သတ်ရ သည့်နေ့

2K 245 13
                                    

"မင်း အခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ ငါမျှော်လင့်တယ် ကိုယ့်အကျိုးအမြတ်တစ်ခုအတွက်နဲ့ မြောက်ပိုင်းက စစ်သည်တော်သန်းပေါင်းများစွာရဲ့ အသက်ကို ဟာသမလုပ်နဲ့"

သူ့ရဲ့စကားကို လီယွဲ့ပြန်မဖြေပေ။ အေးဆေးတည်ငြိမ်စွာနဲ့ မိမိ၏ အမြင်ကို ပြောပြနေလေသည်။

သို့ပေမယ့် လီယွဲ့သည် ခါတိုင်းဆို ခွန်းတုံ့ပြန်ခြင်းမရှိဘဲ တိတ်တဆိတ်နေလေ့ရှိသည်။

ကျူးကောယွီသည် လီယွဲ့၏ မျက်နှာကို ကြည့်နေရင်း ရုတ်တရက် အတိတ်ကကိစ္စတော်တော်များများကို သဘောပေါက်သွားသည်။ ဥပမာ ထိုနှစ်တုန်းက လီယွဲ့သည် တစ်ချက်အော်ပြည်ကျော်သည့်ငှက်ဖြစ်သွားပေမယ့် နောက်ပိုင်းမှာတော့ ရုတ်တရက် ငြိမ်ကျသွားပြန်သည်။ ဥပမာ ကျောက်ဝမ်ယုံး မင်းနေပြည်တော်ထဲသို့ ဝင်ရောက်သည့်အချိန်တုန်းက လူယုံတော် အများအပြား ခေါ်ဆောင်သွားခဲ့သည်။ ထိုအချိန်တုန်းက လီယွဲ့သည့် ရာထူးရာခံရှိသော လက်ထောက်ဖြစ်ပေမယ့် သူချန်ထားခဲ့သည်။

ထို့အပြင် အခု လီယွဲ့၏ အရည်အချင်းက ကျရောက်လာတော့မည့် စစ်ပွဲကို သေချာပေါက် ပြန်တိုက်နိုင်သည်။ ထိုထက်ပင်မက ခေါင်းဆောင်စစ်သူကြီးဖြစ်သည့် စစ်သူကြီးကျန်းတောင် သူ့ရဲ့ အမိန့်ကို နာခံချင်သည့် ခံစားချက် ရေးတေးတေးလေး ရှိနေခဲ့သည်။ စစ်သူကြီးတွေကြားထဲတွင် အချင်းချင်းခွက်‌စောင်းခုတ်မှုများရှိတတ်ပေမယ့် ဤသို့ ထူးထူးဆန်းဆန်း ပလဲနံသင့်နေပါက ဖြစ်နိုင်ချေတစ်ခုတည်းသာရှိတော့သည်။ ဒါဟာ မင်းနေပြည်တော်မှ အကြံပြုထားလို့ပဲ ဖြစ်သည်။

ကျူးကောယွီက မျက်စိစုံမှိတ်ပြီး လီယွဲ့ရဲ့ မေးခွန်းကို လုံးဝ လျစ်လျူရူလိုက်သည်။ သူက သူ့မျက်ဝန်းကို တည့်တည့်စိုက်ကြည့်ပြီး ပြောလိုက်သည်။

"အရှင်မင်းကြီးက မင်းရဲ့သရုပ်မှန်ကို သိပြီးသားမဟုတ်လား"

သိပြီးသားမို့လို့သာ သူ့ကို မြောက်ပိုင်းမှာ ထားထားတာဖြစ်သည်။ အကြီးအကျယ်ပွက်လောရိုက်လိမ့်မည့်သူ့ရဲ့ သရုပ်မှန်ကို သိပြီးလို့သာ စစ်သူကြီးကျန်းကို စေလွှတ်ခဲ့တာဖြစ်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now