အပိုင်း(၅၆) ကိုယ်တော်မသွားတော့ဘူး

1.9K 295 22
                                    

ကုထင်ရန်သည် ကျောက်ဝမ်ယုံးက သူ့ကို စိတ်ဆိုးလိမ့်မည်ဟု ထင်ထားသည်။ သူနေမကောင်းဖြစ်နေတာကြောင့် ကြင်ကြင်နာနာ ဆက်ဆံချင်ရင်တောင် မျက်မှောင်ကျုံ့လျက်၊ မလိုလားသည့် မျက်နှာထားနှင့် သူ့ကို ကြည့်နေသင့်‌ပေသည်။

သို့သော် မထင်မှတ်ဘဲ ကျောက်ဝမ်ယုံးက  အေးတိအေးစက်နဲ့ သူ့ကို တစ်ချက်ကြည့်လာပြီး နှုတ်ခမ်းထောင့်စွန်းမှာတောင် ပြုံးပန်းဆင်ထားလိုက်သေးသည်။ ထို့နောက် လက်အောက်ငယ်သားများကို ပြင်ဆင်ပြီးသားဖြစ်သည့် ဆန်ပြုတ်ဖြူကို လာပို့ခိုင်း လေသည်။

အန်းကုန်းကုန်းက ဆန်ပြုတ်ပန်းကန် သယ်လာသည့်အချိန်တွင် ကျောက်ဝမ်ယုံးက လှမ်းယူလိုက်သည်။ ကြည့်ရတာ သူ့ကို ခွံကျွေးချင်နေပုံရသည်။

ကုထင်ရန်က မျက်မှောင်ယဲ့ယဲ့ကလေး ကျုံ့လာလေသည်။ အနည်းငယ် ရွံ့မုန်းနေပုံရသည်။

ကျောက်ဝမ်ယုံးက ခဏလောက်နေပြီးနောက် ခေါင်း‌မော့၍ ဆန်ပြုတ်ပန်းကန်ကို သူ့ဆီ ကမ်းပေးလိုက်ပြန်သည်။

"မင်း နည်းနည်းစားလိုက်"

ကုထင်ရန်က သူ့ကို ကြောင်တက်တက်နဲ့ ကြည့်နေလေသည်။ အနည်းငယ် နားမလည်နိုင်ဖြစ်သွားပေမယ့် ဆန်ပြုတ်ပန်းကန်ကို ယူလိုက်သည်။

သူက အားနည်းနည်းပြတ်သွားရုံသာဖြစ်ပြီး ခုနက ရှီးအာလေး တငိုငိုတရီရီနဲ့ ရောဂါအခြေအနေကို ပြောပြတာ နားထောင်ပြီးပြီဖြစ်သည်။ သူ ဒါက ခံစားချက်အတတ်အကျလွန်သွားလို့ဖြစ်သည်။ ထို့အပြင် အနည်းငယ် ပင်ပန်းနွမ်းနယ်သွားလို့ဖြစ်သည်။ စိုးရိမ်ရသည့်အခြေအနေ မဟုတ်ချေ။

သူ တစ်ငုံသောက်ပြီးနောက် ဆန်ပြုတ်က နည်းနည်း ပေါ့လွန်းနေသည်ဟု ထင်မိလိုက်သည်။ သူပါးစပ်ပျက်နေပေမယ့်လည်း ဤအခြေအနေရောက်တဲ့ထိ ပျက်နေတာမျိုး မဟုတ်ချေ။

ကုထင်ရန်က မျက်မှောင်ခပ်ယဲ့ယဲ့ကလေး ကျုံ့လိုက်ပြီး စားချင်စိတ်မရှိတော့ပေ။

ကျောက်ဝမ်ယုံးက သူ့ကို ဘေးကနေ ကြည့်နေလေသည်။ သူက ပန်ကန်းကိုင်ထားရင်း မျက်မှောင်ကျုံ့လျက် အတန်ကြာသည်အထိ တစ်လုတ်မှမစားသည်ကို မြင်တော့ အကြည့်က ရုတ်ချည်း ခက်ထန်သွားတော့သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now