အခန်း(၄၄) မြင်းဒုန်းဆိုင်းစီးမှု

4.8K 642 40
                                    

ကျောက်ဝမ်ယုံးက ထိုစကားကိုကြားတော့ မျက်ခုံးကို မသိမသာကျုံ့လိုက်သည်။

"မင်းကိုဘယ်သူပြောတာလဲ"

ကုထင်ရန်က သူ့ကိုမကြည့်ဘဲ ခေါင်းငုံပြီး ယုန်လေးကို ပြန်ယူလိုက်ကာ ပျင်းရိပျင်းတွဲဖြင့် ယုန်လေး၏ အမွေးကို ပွတ်သတ်ပေးလိုက်သည်။

"အဲ့ဒါက အရေးကြီးလို့လား"

သူ့၏အသံက ပေါ့ပျက်ပျက်နှင့် ကြည့်ရတာ ဂရုမစိုက်သည့် ပုံစံ‌ပေါက်နေသည်။ ထိုယုန်လေးက ခုနက ထိတ်လန့်မှု အနည်းငယ် ခံစားခဲ့ရသဖြင့် သူ့ရင်ခွင်ထဲမှာတောင် မလှုပ်ရဲ‌တော့‌ပေ။ ထိုအရာက ကုထင်ရန်၏ နှလုံးသားကို နူးညံ့သွားစေ၏။

"အဲ့ဒီကိစ္စကို မင်းဂရုမစိုက်နဲ့"

ကျောက်ဝမ်ယုံးက သူသောင်းကျန်းမှာစိုး၍ ထိုကိစ္စကို တလျှောက်လုံး ဖုံးကွယ်ထားသည်။ ဒါပေမယ့် သူ့ရဲ့ အခုလို ပေါ့တိပေါ့ပြက်ပုံစံက ကျောက်ဝမ်ယုံး၏ နှလုံးသားကို ပို၍ပင် မွန်းကျပ်သွားစေပြီး ပြောလိုက်သည့် စကားကိုလည်းမစဉ်းစားမိလိုက်ချေ။

"တရားမဝင်သားတစ်ယောက်တောင် အမွေဆက်ခံခွင့်ရနိုင်တာပဲ၊ ကျွန်တော်က မေးကြည့်လို့တောင်မရဘူးလား"

ကုထင်ရန်၏ အသံက ပေါ့ပြက်ပြက်ဖြစ်နေဆဲပင်။ ဒါပေမယ့် အထဲက မကျေနပ်မှုတွေက ဖုံးကွယ်လို့‌တောင်မရနိုင်ချေ။ နားထောင်ကြည့်လိုက်ရင် ဂရုမစိုက်သလိုနဲ့ တကယ်လက်တွေ့မှာတော့ အဖြေတစ်ခုကို လိုချင်နေသည်။

အဲ့ဒီကိစ္စက ကုရို့လန်ကိုယ်ဝန်ရှိတဲ့အချိန်တုန်းက သူ့ဆီကနေတောင်းဆိုခဲ့တာဖြစ်သည်။ ထိုအချိန်တုန်းက ကုရို့လန် ကိုယ်ဝန်ရှိသွားသဖြင့် သူ့စိတ်ထဲမှာလည်း ပျော်မနေခဲ့ပေ။ အမှန်တော့ ထိုနေ့က သူမူးနေခဲ့သဖြင့် ကုရို့လန်က အခွင့်ကောင်းယူ
ခွင့် ရရှိသွားခဲ့သည်။

ဒါပေမယ့် ကုရို့လန်က မျက်ရည်ရွဲလဲကျအောင် ငိုကြွေးနေပြီး လျှောက်တင်သည်။

"အရှင်မင်းကြီး အကို(၂)မှာ အရှင်မင်းကြီးရှိနေတော့ ဘာမှမလိုအပ်တော့ပါဘူး၊ ဒါပေမယ့် ကျွန်တော်မျိုးမရဲ့ အကိုကြီးက ငယ်ငယ်လေးထဲက ထုံထိုင်းလွန်းလှပြီး တကယ်လို့ အမွေဆက်ခံခွင့်နေရာတောင် မရရင် ဘဝကို ဘယ်လိုရှင်သန်ရမှာလဲ"

ပြိုင်ဘက်ကင်းအမျိုးသားဧကရီNơi câu chuyện tồn tại. Hãy khám phá bây giờ