အခန်း(၄၁) ဖုံးကွယ်ထားသော (တတိယပိုင်း)

5.2K 666 20
                                    

ဒီကိစ္စက ဒုတိယသခင်လေးလျှို မြို့ထဲကထွက်သွားသည့် ထိုနေ့ကို အစချီပြီးပြောရပေမည်။ ထိုနေ့က ရခဲလှသော သာယာသည့်‌ နေ့လေးတစ်နေ့ဖြစ်သည်။ ဒီဆောင်းတွင်းကာလရက်တွေမှာ ထူးထူးခြားခြား နွေးထွေးပြီး နေသာ‌ နေသည်။

ကုထင်ရန်က ထိုနေ့မှာ အစောကြီးနိုးနေသည်။ ကျောက်ဝမ်ယုံးသည် နံနက်ခင်းညီလာခံပြီးသည့်အချိန်တွင် အခုတလော အလွန့်အလွန်ပျင်းရိနေသည့် ထိုလူက ပျင်းရိလေးတွဲစွာဖြင့် ဥယျာဉ်အတွင်းရှိ နူးညံပျော့ပျောင်းသည့် နောက်မှီခုံရှည်ပေါ်မှာထိုင်ရင်း နေပူစာလှုံနေတာကို အံဩဖွယ် တွေ့လိုက်ရသည်။

သူ့ကို ကြည့်ရတာ အတော်လေး သက်တောင့်သက်သာရှိနေသည့်ပုံပေါ်ပြီး ဇိမ်ကျနေသည့် ကြောင်လေးတစ်ကောင်နှင့်တူနေသည်။
ကြည့်နေရင်း ကျောက်ဝမ်ယုံး၏ နှလုံးသားထဲမှာ ယားကျိကျိဖြစ်လာသည်။ မထိန်းချုပ်နိုင်‌တော့တဲ့အဆုံး အနားသို့ချဉ်းကပ်သွားပြီး ကုထင်ရန်၏ ပါးပြင်ကို နမ်းလိုက်သည်။

ကျောက်ဝမ်ယုံး၏ နှုတ်ခမ်းမှာ နှုတ်ခမ်းမွေးငုတ်တိုလေးတွေ အနည်းငယ် ရှိနေသေး
သဖြင့် အပ်နှင့်ထိုးသလို ကုထင်ရန်အား အတော်လေး ခံရခက်စေသည်။ မျက်လုံးဖွင့်ကာ ကျောက်ဝမ်ယုံးကို တွန်းဖယ်‌နေသည်။

ကျောက်ဝမ်ယုံးကတော့ စိတ်ဆိုးခြင်းလည်းမရှိပေ။ အဲ့ဒီအစား ကုထင်ရန်က အနည်းငယ် ချွဲနွဲ့လိုသည့်သဘောဖြင့် သူ့ရင်ဘတ်ကို လက်ဖြင့် ထုရိုက်နေတယ်လို့ ထင်သွားသည်။ အဲ့ဒါက သူ့ကို ပိုပြီး ဝမ်းသာလုံးစို့စေသည်။

"ကျွန်တော့်ကိုလာမရှုပ်နဲ့"

သူ့ရဲ့ မရိုးဖြောင့်သည့် အတွေးတွေကို
ကုထင်ရန် ဂရုစိုက်ချင်စိတ်မရှိချေ။ သူ့ အမူအရာက အေးတိအေးစက်နှင့် ပြောလိုက်သည့် စကားက အနည်းငယ် ဒေါသသံစွတ်နေသေးသည်။ ကျောက်ဝမ်ယုံးက သူ့ရဲ့ ဒေါသတွေပြည့်နှက်နေသည့် ပုံစံကို အရေးမစိုက်ဘဲ ချွဲနွဲ့နေတယ်လို့ အပြီးအပိုင်မှတ်ယူလိုက်သည်။

သူက ရယ်ရင်း ထိုလူ၏ လက်ကိုဆွဲပြီး နူးညံပျော့ပျောင်းသည့် ခုံရှည်ထဲ၌ နစ်မြုပ်နေသည့် ခန္ဓာကိုယ်ကို ဆွဲယူလိုက်သည်။ အစောကြီးထဲက အလိုက်တသိဖြင့် ဘေးမှာရှိ‌နေသည့် နန်းတွင်းသူလေးက မြေခွေးသားမွှေးဝတ်ရုံကို ဆက်သလာသည်။
ကျောက်ဝမ်ယုံးက ကိုယ်တိုင်ကိုယ်ကျ
ကုထင်ရန်၏ ကိုယ်ပေါ်သို့ လွှမ်းခြုံပေးလိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWaar verhalen tot leven komen. Ontdek het nu