အပိုင်း(၈၅) သားအဖတွေခွဲခွာရခြင်း (တတိယပိုင်း)

3.5K 479 29
                                    

ကျောက်ဝမ်ယုံး မြင်တော့ နှလုံးသားက ပိုပြီး လေးလံသွားသည်။

သူက အလွန်အမင်း စိတ်လောနေပေမယ့်
ကုထင်ရန်ကို မြင်လိုက်သည့် တင်္ဒဂမှာ ရပ်တန့်သွားသည်။ သွားမနှောက်အယှက်ရဲသဖြင့် ဘေးမှာ ရပ်ပြီး မေးလိုက်သည်။

"ဘယ်လိုဖြစ်တာလဲ"

ကုထင်ရန်က ခေါင်းငုံထားပြီး လူတစ်ကိုယ်လုံးက အလွန်အမင်း စိတ်ဓါတ်ဆုတ်ယုတ်ကျဆင်းနေကာ သူ့ကို အကြည့်တစ်ချက်လေးတောင် မစွန့်ကြဲပေ။

သမားတော်ချန်က လက်ကို ဖြေးဖြေးလေး
ချလိုက်ပြီး မျက်နှာက သိပ်မကောင်းပေ။ သူက ဧကရာဇ်ကို မကြည့်ဘဲ ကုထင်ရန်ကို ကြည့်၍ ပြောလိုက်သည်။

" ကျွန်တော် သခင်လေးသောက်ဖို့အတွက် ဆေးစပ်ပေးမယ်...သခင်လေး အဲ့ဒီဆေးကို အရင်သောက်ထားလိုက်...သခင်လေးက ကျန်းမာရေး သိပ်မကောင်းဘူး...အရင်တစ်ခါ ကလေးမွေးတုန်းက အတွင်း ဒဏ်ရာတစ်ချို့ထပ်ရထားတော့ အခု ကောင်းကောင်း အနားယူရမယ်....အပျော်လွန်တာတွေ ဝမ်းနည်းလွန်တာတွေကို သတိထားပါ"

ထိုစကားထဲမှာ တိမ်ချန်ထားသည့် စကားများ ရှိနေတာ သိသာသည်။
ကျောက်ဝမ်ယုံးက ကြားတော့ မျက်မှောင်ကျုံ့လိုက်ပြန်သည်။ သူလည်း ထိုနေရာမှာတင် မမေးလိုက်ဘဲ ချက်ချင်း သမားတော်ချန်အား ဆေးသွားကြိုခိုင်းလိုက်သည်။

လူထွက်သွားတာနဲ့ ကျောက်ဝမ်ယုံးက
သည်းမခံနိုင်တော့ချေ။ ရှေ့တတ်သွားပြီး
ကုထင်ရန်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

"မင်းဘယ်လိုဖြစ်တာလဲ!...အရင်က မင်းကို ကောင်းကောင်းအနားယူရမယ်လို့ ပြောခဲ့တယ်လေ....ဘယ်လိုဖြစ်လို့ ဒီပုံစံဖြစ်သွားရတာလဲ"

ကုထင်ရန်က ခေါင်းငုံထားပြီး တစ်ခွန်းမှ
မပြောပေ။ တိတ်တဆိတ် လက်ကို ပြန်ရုတ်လိုက်သည်။

ကျောက်ဝမ်ယုံး၏ ဒေါသမီးက ငယ်ထိပ်စောင့်တတ်လာတာကို ခံစားမိလိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင် ထိုအချိန်မှာ လက်ထောက် မိန်းမစိုးချုပ်က
ကျောက်ရှန့်ရှီးကို ခေါ်လာသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now