အပိုင်း(၄၈) ကိုယ်တို့မှာ နောက်ထပ် ကလေးတစ်ယောက်ရှိနေပြီ

2.6K 319 15
                                    

နောက်တစ်နေ့နံနက်၊ ကျောက်ရှန့်ရှီးနိုးလာသည့်အချိန်တွင် ဖေဖေက သလွန်စွန်းမှာ ထိုင်နေပြီး သူ့အားပြုံးလျက် ကြည့်နေသည်ကို မြင်လိုက်ရသည်။

သမားတော်ချန်က ကုထင်ရန်ကို သွေးခုန်နှုန်းလာစမ်းပေးပြီး အဖျားကျသွားပြီဖြစ်ကြောင်း၊ ဘာမှမဖြစ်တော့ကြောင်း ပြောသည်။

ကုထင်ရန်က သူ့ကို သေချာစိုက်ကြည့်နေပေမယ့် အဆုံးမှာတော့ ဘာမှ ထပ်မပြောလိုက်ချေ။

သမားတော်ချန်က ခေါင်းငုံပြီး ကုထင်ရန်အတွက် ဆေးစပ်ပေးလိုက်လေသည်။ နှစ်ယောက်သားက ထူးထူးခြားခြား သူစိမ်းတွေလိုပင်။

‌ဘေးမှာရပ်နေသည့်ကျောက်ရှန့်ရှီးက တစ်နေရာရာက ထူးဆန်းနေသလိုခံစားမိလိုက်ပေမယ့် ပြောမတတ်ပြန်။

ပြောရင်လည်းတိုက်ဆိုင်တယ်ဖြစ်ဦးမည်။ ကျောက်ဝမ်ယုံး၏ နှောက်ယှက်မှုမရှိ‌တော့
ကုထင်ရန်၏ အဖျားက တစနှင့်တစ ကောင်းမွန်လာလေသည်။

သို့ပေမယ့် အပေါ်ယံ ကောင်းလာတာဖြစ်သည်။

သည်ကာလအပိုင်းအခြားမှာ ချန်ရှင်းက နေ့တိုင်း ထိုက်ကျီနန်းဆောင်သို့သွား၍ အစီရင်သွားခံရသည်။ ကုထင်ရန်၏ ရောဂါအခြေအနေကို ကျောက်ဝမ်ယုံးဆီ မခြွင်းမချန် အကုန်တင်ပြရသည်။ သို့သော်
ကျောက်ဝမ်ယုံးက နေရာမှာ ဒီအတိုင်းထိုင်နေပြီး ဘာမှမလုပ်ချေ။ သူပြောပြသမျှကို အာရုံစူးစိုက်၍ နားထောင်နေလေသည်။

ထို့နောက် သတိထားသင့်သည့် ကိစ္စရပ်များကို အန်းကုန်းကုန်းအား ပြောပြပြီး သွားစောင့်ကြည့်ခိုင်းလေသည်။

ကျီးချင်းက ဆေးသောက်ရတာမကြိုက်ကြောင်း၊ အမြဲတမ်း လူလည်ကျတတ်ကြောင်းပြောပြီး အန်းကုန်းကုန်းကို သူဆေးသောက်မသောက် သွားစောင့်ကြည့်ခိုင်းလေသည်။

သခင်လေးကုက အခုတလော အလွန်အမင်း ခါးလှသည့် ထိုဆေးရည်များကို မျက်နှာတစ်ချက်မပျက်ဘဲ သောက်သည့် ပုံစံကို အန်းကုန်းကုန်းက တွေးမိလိုက်တော့ အခုလက်ရှိသခင်လေးက အရှင်မင်းကြီးပြောတဲ့သခင်လေး မဟုတ်တော့ကြောင်း စိတ်ထဲမှာ ပြောနေမိသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now