အပိုင်း(၄၉) သူငါ့ကို မချစ်တာ ကောင်းပါတယ်

2.4K 345 38
                                    

ကုထင်ရန်၏ လက်က ရပ်တန့်သွားပြီး အတန်ကြာသည်အထိ စကားမပြောချေ။ သူက တုပ်တုပ်တောင်မလှုပ်ဘဲ မူလနေရာမှာ ထိုင်နေလေသည်။ အချိန်တွေက ရပ်တန့်သွားသလိုပင်။

ကျောက်ဝမ်ယုံးလည်း မလောချေ။ သူ့ကို ထိုအတိုင်း မမှိတ်မသုန်စိုက်ကြည့်နေပြီး သူ့ဆီက အဖြေကို စောင့်နေလိုက်လေသည်။

ခဏအကြာမှ ကုထင်ရန်က သတိပြန်ဝင်လာသလိုပင်။

သူက ခေါင်းလှည့်လာပြီး ကျောက်ဝမ်ယုံး၏ မျက်နှာကို လှောင်ပြောင်သလို ကြည့်လာလေသည်။

သူကပြောလိုက်သည်။

"ခင်ဗျားလိမ်နေတာ"

လေသံထဲဝယ် တိကျသေချာမှုများအတိ။

ကျောက်ဝမ်ယုံးက သူ့ကို ခက်ထန်သော ပုံစံဖြင့် ကြည့်နေဆဲဖြစ်ပြီး ပြောလိုက်သည့်စကားကလည်း သံသယဖြစ်ဖွယ် တစ်စက်မှ မရှိချေ။ သူက ကုထင်ရန်၏ မျက်နှာကို မမှိတ်မသုန်စိုက်ကြည့်ပြီး တစ်လုံးချင်းစီ ထပ်ပြောလိုက်သည်။

"မင်းသူ့ကို လိုချင်လား

"မဖြစ်နိုင်ဘူး!"

"မဖြစ်နိုင်ဘူး!"

ကုထင်ရန်က အရူးလို ထအော်ပြီး လက်ထဲက လက်ဖက်ရည်ခွက်ကို ကောက်ပစ်လိုက်လေသည်။ လှပသည့် အဖြူရောင်ကြွေခွက်က မြေပြင်ပေါ် ကျကွဲသွားပေမယ့်
ကျောက်ဝမ်ယုံးကတော့ မျက်တောင် တစ်ချက်တောင် မခတ်ချေ။

ကုထင်ရန်၏ ခေါင်းထဲဝယ် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေလေသည်။ သူက မဖြစ်နိုင်ကြောင်း၊ သေချာပေါက် မဖြစ်နိုင်ကြောင်း တွေးနေမိလေသည်။

သူသေချာမှတ်မိပါသည်။ ရှီးအာလေးကို အသက်နဲ့ရင်းပြီး မွေးခဲ့ရသည့် ထိုနှစ်တုန်းက ချန်ရှင်းသည် ဒီကလေးက သူ့ဒီဘဝမှာ တစ်ဦးတည်းသော ကလေးဖြစ်ကြောင်းပြောခဲ့သည်။ သူ့ခန္ဓာကိုယ်က အားနည်းလွန်းတာ နောက်ထပ် ကိုယ်ဝန်ရနိုင်ချေ မရှိလုနီးပါးပင်။

ဟိုးအစောပိုင်းတုန်းကလည်း အနှီစကားကို သမားတော်လီထံမှ သူကြားခဲ့ရသည်။

သေချာပေါက် ဤကဲ့သို့ဖြစ်သင့်တာဖြစ်သည်။

သူ့ကလေးထပ်ရဖို့ဆိုတာ မဖြစ်နိုင်ချေ။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now