အပိုင်း(၆၂) ကြိုတင်ကာကွယ်ခြင်း

4K 586 21
                                    

ညရောက်တော့ ကျောက်ဝမ်ယုံးက
ကုထင်ရန်ကို ဖက်ထားရင်း ချစ်ရည်လူးပြန်သည်။ ကုထင်ရန်က ကျန်းမာရေးမကောင်းသဖြင့် တစ်ကြိမ်ပြီးတာနဲ့ ပင်ပန်းနွမ်းနယ်ပြီး အိပ်မောကျသွားသည်။

ကျောက်ဝမ်ယုံးသည် အရင်တုန်းကလို လူကိုဖက်ပြီး ချက်ချင်းအိပ်စက်ခြင်းမရှိပေ။

သူ့ရင်ခွင်ထဲက ကုထင်ရန်၏ အိပ်မောကျနေသည့် မျက်နှာကို ကြည့်နေသည်။ ဒီလူက ကြည့်ကောင်းလွန်းလှသည်။ အိပ်‌ပျော်နေသည့်အချိန်မှာတောင် ထူးထူးခြားခြား ချောမောခန့်ငြားနေသည်။

ကျောက်ဝမ်ယုံးက မှင်သက်စွာဖြင့်
ကုထင်ရန်ကို ကြည့်နေရင်း စိတ်ထဲမှာ
ပျော်ရွင်လာသည်။

သို့ပေမယ့် နေ့လယ်တုန်းက ကျုးကောယွီ ပြောခဲ့သည့်စကားက နားထဲ ထပ်ခါထပ်ခါ ကြားယောင်လာသည်။

သူကပြောခဲ့သည်။

"အရှင်မင်းကြီး ကုထင်ရန်ရဲ့ အစွမ်းအစကို သတိထားရမယ်"

တကယ်တော့ ကျူးကောယွီနှင့်
ကုထင်ရန်က အနည်းငယ် သိကျွမ်းတယ်လို့ ယူဆလို့ရသည်။

ကုထင်ရန် အရာရှိစာမေးပွဲဝင်ဖြေသည့်ထိုနှစ်တွင် စစ်ဆေးရေးမှုးက ကျူးကောယွီဖြစ်သည်။

ထိုအချိန်က ကျောက်ဝမ်ယုံး နန်းတတ်ခါစအချိန်ဖြစ်ပြီး မင်းမှုထမ်းနေရာတော်တော်များများကို အာဏာရှိမူးမတ်တွေက လက်ထဲမှာ ချုပ်ကိုင်ထားဆဲဖြစ်သည်။

ထိုအခြေအနေမျိုးကို ဧကရာဇ်တိုင်းက မြင်ချင်မှာမဟုတ်ပေ။ ကျောက်ဝမ်ယုံးက
ကျူးကောယွီ၏ အကြုံပြုချက်အောက်မှာ အရည်အချင်းရှိသည့်လူကို ရွေးချယ်ဖို့အတွက် ကိုယ်တိုင်မေးခွန်းထုတ်ခဲ့သည်။

ကျူးကောယွီက ကျောက်ဝမ်ယုံး၏ အတွေးကို မသိဘဲ စိတ်အားထက်သန်စွာဖြင့်
ကုထင်ရန်၏ အဖြေလွှာကို ကိုင်ပြီး
ကျောက်ဝမ်ယုံး ရှေ့သို့ ‌အပြေးအလွှားရောက်လာကာ အားတတ်သရော ချီးကျူးခဲ့သည်။

"ဒီလူကမဆိုးဘူး၊ စာပေအရည်အချင်းကလည်း ပြည့်မှီတယ်၊ သတ္တိလည်းရှိတယ်၊ ဘာမဆိုအကုန်ရေးရဲတယ်"

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now