အပိုင်း(၄၇) အသက်ချင်းလဲလှယ်ခြင်း

2.3K 308 12
                                    

ကျောက်ဝမ်ယုံး ထွက်သွားပြီး နောက်တစ်နေ့နံနက်တွင် ကုထင်ရန်က နိုးလာခဲ့သည်။

အမှန်တကယ်တော့ မျက်လုံးပွင့်လာရုံသာဖြစ်သည်။ ရှီးအာလေးနှင့် စကားလေးနှစ်ခွန်း‌ လောက်ပြောခဲ့ပေမယ့် မျက်စိတစ်မှိတ်အတွင်းမှာ ပြန်အိပ်ပျော်သွားခဲ့သည်။

ထိုက်ကျီနန်းဆောင်သို့ သတင်းရောက်ရှိသည့်အချိန်တွင် ကျောက်ဝမ်ယုံးလက်ထဲမှာ ကိုင်ထားသည့် စုတ်တံနီက တဆတ်ဆတ်တုန်ယင်သွားခဲ့လေသည်။
အနီရောင်မှင်စက်က သဝဏ်လွှာထက် တတောက်တောက်ကျသွားသဖြင့် ပေပွသွားသောကြောင့် သူက ထို သဝဏ်လွှာကို ပစ်ထုတ်လိုက်သည်။

ကမန်းကတန်း မတ်တပ်ထရပ်ပြီး မုချန်နန်းဆောင်သို့ တစ်ချက်သွားကြည့်ရန် ပြင်လိုက်သည်။

စာဖတ်ခန်း၏ တံခါးမကြီးသို့ ရောက်ရောက်ချင်းမှာ သူက ရုတ်တရက် ရပ်တန့်လိုက်သည်။ အန်းကုန်းကုန်းက တစ်ဖက်မှာ ရပ်၍ ဧကရာဇ်အရှင် မျက်နှာပေါ်ရှိအပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေလေသည်။ ထိုနောက် ဧကရာဇ်အရှင်က ခြေလှမ်းကို ပြန်ရုတ်သွားခဲ့သည်။

ခုနက ကုလားထိုင်ပေါ်မှာ သူပြန်ထိုင်လိုက်ပြီး အက်ကွဲနေသော လေသံဖြင့် ပြောလိုက်သည်။

"ကိုယ်တော်မသွားတော့ဘူး၊ ကိုယ်တော်မြင်ရင် သူ ထပ်ဒေါကန်နေမှာစိုးလို့"

သူက နောက်ထပ် သဝဏ်လွှာတစ်စောင်ကို လှန်လိုက်ပြီး စစ်ရေးကိစ္စတင်ပြစာကို အပေါ်ယံ ကြည့်နေလိုက်သည်။

အန်းကုန်းကုန်းက တစ်ဖက်မှာ ရပ်နေပြီး တိုးတိုးလေးပြောလိုက်သည်။

"ဟုတ်ကဲ့"

ကျောက်ဝမ်ယုံးက ဘဏ္ဍာတိုက်ထဲရှိ အကောင်းဆုံး ဂျင်ဆင်းနှင့် နှင်းကြာပန်းများအပြင် တန်ဖိုးကြီး ဆေးအမည်ပေါင်း သောင်းခြောက်ထောင်ကို သူ့အား သွားပို့ခိုင်းလိုက်သည့်အပြင် တကူးတက မှာကြားလိုက်သေးသည်။

"သူ့ကို လျှောက်မစားခိုင်းနဲ့၊ သူ့ခန္ဓာကိုယ်က အားနည်းတော့ အားဖြည့်စာဒဏ်ကို ခံနိုင်မှာမဟုတ်ဘူး၊ ဘယ်လိုလုပ်ရမလဲဆိုတာ မင်း ချန်ရှင်းကို မေးလိုက်၊ ရမ်းသမ်းမလုပ်နဲ့"

ပြိုင်ဘက်ကင်းအမျိုးသားဧကရီحيث تعيش القصص. اكتشف الآن