အခန်း(၃၆) အရှင်ပြောတာမှန်တယ်

5.1K 677 43
                                    

သူရဲ့စကားကို ကုထင်ရန် နားထောင်ရင်း နှလုံးသားထဲရှိ အေးစက်လာမှုများက
မရပ်တန့်နိုင်တော့ပေ။

"သူတို့က ကျွန်တော့် မိသားစု မဟုတ်ဘူး၊ အစကတည်းက မဟုတ်ဘူး"

သူကရုတ်တရက် ကိုယ့်ကိုလှည့်လာပြီး ကျောက်ဝမ်ယုံးကို မျက်နှာချင်းဆိုင်ကာ အသံအကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။ ပြန်ခံပြောရဲသည့် သတ္တိတွေ ဘယ်နားကထွက်လာမှန်း သူလည်းမသိတော့ချေ။ ခေါင်းမာစွာဖြင့် အဖြေကို လိုချင်နေခဲ့သည်။ မျက်ဝန်းထဲမှာ ပြင်းပြသည့် ဇွတ်တရွတ်နိုင်မှုများ ကိန်းဝပ်နေသည်။

"ကုရို့လန် ဆောင်းလလယ်မှာ ကျွန်တော့်ကို ရေခဲတမျှ‌အေးစက်တဲ့ရေကန်ထဲတွန်းချတုန်းက၊ ကုထင်ရှန်း သူ့နောက်လိုက်ခွေးတွေကို ခေါ်လာပြီး ကျွန်တော့်ကို ရိုက်တုန်းက၊ ကျွန်တော် သတိလစ်သွားပေမယ့် ဆေးတောင် မပေးတဲ့အချိန်‌တုန်းက၊ သူတို့တွေ တစ်ကြိမ်ပြီးတစ်ကြိမ် ကျွန်တော့ကို အနိုင်ကျင့်အရှက်ခွဲခဲ့တဲ့ အချိန်တုန်းက ဒါတွေကို တွေးဖူးလို့လား"

သူ့ရဲ့ မျက်ဝန်း‌တွေထဲမှာ မကုန်ခမ်းနိုင်သည့် အမုန်းတရားတွေ ကိန်းဝပ်နေပြီးအသည်းအသန် ရင်ဖွင့်ချင်နေသည်။

"ကုမိသားစုက အစထဲက ကျွန်တော့်မိသားစုမဟုတ်ဘူး"

ကျောက်ဝမ်ယုံးက သူ့ရဲ့ မျက်ဝန်းအကြည့်တွေကို သဘောမကျသဖြင့် မသိမသာ မျက်မှောင်ကျုံ့လိုက်သည်။ သူက အတိတ်က ထိုကိစ္စတွေကို ကလေးတွေ၏ အပျော်အပျက်ဆော့ကစားခြင်းအဖြစ် ဇွတ်အတင်း မှတ်ယူထားသဖြင့် ကုထင်ရန်၏ အသည်းအသန်ဖြစ်နေမှုကို နားမလည်နိုင်ပေ။ ကုထင်ရန် အခိုင်အမာပြောဆို‌နေတာတွေကို ပိုပြီး အလေးအနက်မထားချေ။

သူက ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းတွေကို
အမြဲတမ်း စွဲလမ်းနေသည်။ ကုထင်ရန်၏ မျက်ဝန်းထဲရှိ ခံပြင်းမှုနှင့် နာကျင်မှုများကို
မမြင်တွေ့ ပုံပေါ်သည်။

"အဲ့ဒါက အရင်က ကိစ္စတွေပဲလေ"

ကျောက်ဝမ်ယုံး၏ မျက်နှာအရောင်က အနည်းငယ် အုံ့မှိုင်းနေပြီး မျက်ခုံးကို မသိမသာ ကျုံ့ထားသည်။ ပါးစပ်ကထွက်လာသည့် စကားတောင် ကိုယ်ချင်းစာတရား ကင်းမဲ့နေသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now