အပိုင်း(၇၃) ဖြေဆေး

1.9K 324 16
                                    

ချန်ရှင်းသည် ကျောက်ဝမ်ယုံး၏ ဒေါသထွက်နေသော ပုံစံကို မြင်ပေမယ့်လည်း တုံ့ပြန်မှုကြီးကြီးမားမား မရှိချေ။ ဤအရာများအားလုံးသည် သူ ကြိုတင်မှန်းဆထားတာနှင့် သိပ်မကွာပေ။ သူက မူလနေရာမှာ အေးဆေးတည်ငြိမ်စွာနဲ့ ရပ်နေပြီး
ကျောက်ဝမ်ယုံး တည်ငြိမ်လာမည့် အချိန်အထိ စောင့်နေလိုက်သည်။

ထင်ထားသည့်အတိုင်းပင် သိပ်မကြာခင်မှာ ကျောက်ဝမ်ယုံးက ဒေါ်ကြီးမောကြီး ပုံစံ
ဖြစ်နေတုန်းဆိုပေမယ့်လည်း ဒေါသကို
ချုပ်တီး၍ မေးလာသည်။

"မင်းမှာ ဘာနည်းလမ်းရှိလဲ"

သူက မဲမှောင်နေသော အကြည့်နဲ့ ချန်ရှင်းကို စိုက်ကြည့်နေသဖြင့် သူ့ကို သတ်ချင်နေသလိုပင်။

ချန်ရှင်းကတော့ မကြောက်ပေ။ သူ ခဏလောက် စဉ်းစားပြီးနောက် ဖြေးဖြေးချင်း ပြောလိုက်သည်။

"အရှင်မင်းကြီး ခန္ဓာကိုယ်ထဲက အအေးဆိပ်က သိပ်မပြင်းထန်ပါဘူး၊ ကုသမှုက အကျိုးရှိသရွေ့ ဘာထိခိုက်မှုမှတောင် ရှိမှာမဟုတ်ဘူး"

"အရှင်မင်းကြီးရဲ့ ခန္ဓာကိုယ်ကို တကယ် ခြိမ်းခြောက်နိုင်တာက တကယ်တော့ ကူပိုးကောင်ပါ"

ချန်ရှင်းသည် အရင်ကနှင့် သိပ်မကွာသော စကားများကို ပြောနေပေမယ့်
ကျောက်ဝမ်ယုံးက သူ့ စကားစကို မဖြတ်ပေ။ မှောင်ရိပ်လွမ်းနေသော မျက်ဝန်းအစုံဖြင့် အေးတိအေးစက်နဲ့သာ ကြည့်နေပြီး သူ့ဆက် ပြောလာမည့် စကားများကို စောင့်နေလိုက်သည်။

"အဲ့ဒီ ကူပိုးကောင်ကို ကျွန်တော်မျိုး မွေးခဲ့တော့ တကယ်လို့ သူ့ကို သတ်ပစ်ချင်ရင် ဒီလောကကြီးမှာ ဘယ်သူ့ဆီမှာမှ နည်းလမ်း ရှိမှာမဟုတ်ဘူး၊ ဒါပေမယ့် ထိန်းချုပ်တာလောက်တော့ ကျွန်တော်မျိုး လုပ်နိုင်တယ်"

"တစ်လောက အရှင်မင်းကြီးဆီ အိမ်ရှေ့စံ မင်းသား ပို့ပေးခဲ့တဲ့  ဆေးဖက်ဝင်အစားအစာတွေကို အရှင်မင်းကြီးလည်း မြည်းစမ်းခဲ့တယ်မလား၊ အဲ့ဒါတွေက တကယ် အကျိုးထူးတာနော်"

ချန်ရှင်းက အလွန်အမင်း ပေါ့ပေါ့ပါးပါးနဲ့ ပြောနေလေသည်။ ကျောက်ဝမ်ယုံးက သူ့ကို အကြာကြီး စိုက်ကြည့်နေပေမယ့် သူ့ အမှန်ပြောနေသလား လိမ်ပြောနေသလားကို မမြင်နိုင်ပေ။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now