အပိုင်း(၉၁) ကတောက်ကဆဖြစ်ကြခြင်း (ပထမပိုင်း)

2.8K 383 8
                                    

ကျောက်ဝမ်ယုံးက ခေတ္တခဏလောက် စဉ်းစားခဲ့ပါသော်လည်း ဘာအမျိုးအမည်မှ စဉ်းစားမရသဖြင့် အများကြီးစဉ်းစားမနေတော့ဘဲ မုချန်နန်းဆောင်သို့ တိုက်ရိုက်သွားလိုက်လေသည်။

ကုထင်ရန်က သလွန်ထက်မှာ လဲလှောင်းနေပြီး ဘေးမှာ ကျောက်ရှန့်ရှီးကို ခေါ်ထားသည်။

အသေးလေးက ညဘက်မှာ ဖျတ်လတ်တတ်ကြွနေသဖြင့် တောက်လျှောက်မရပ်မနား  နှိပ်စက်လေတော့သည်။ ကုထင်ရန်က အနည်းငယ် ပင်ပန်းလာပေမယ့် မနည်းအားတင်း၍ သူ့နှင့်အတူ ကစားပေးလိုက်သည်။

ကုထင်ရန် မျက်နှာပေါ်က ပင်ပန်းနွမ်းနယ်မှုကို ကျောက်ဝမ်ယုံးက တစ်ချက် ကြည့်ရုံနဲ့ မြင်နိုင်သည်။ သူရဲ့ မျက်လုံးအောက်တစ်ဝိုက်မှာတောင် အနည်းငယ် ညိုနေပြီဖြစ်သည်။

ကျောက်ဝမ်ယုံးက ဘာမှလည်းမဆိုဘဲ
ရှေ့တတ်သွားပြီး ကျောက်ရှန့်ရှီးကို ချီကာ နို့ထိန်းအမေထံ လွှဲပေးလိုက်သည်။

"သူ့ကို‌ခေါ်သွားလိုက်"

ထိုအသေးလေးက ၆လတောင် မပြည့်သေးပေမယ့် ကျောက်ဝမ်ယုံးကိုတွေ့သည့်အချိန်တိုင်း  လူကြီးလေးတစ်ယောက်လို မျက်နှာထား တင်းထားသဖြင့် သားအဖနှစ်ယောက်က တွေ့လိုက်တိုင်း တစ်ပွဲတစ်လမ်းနွဲဖြစ်ကြသည်။

ကျောက်ရှန့်ရှီးက နားမလည်ပေမယ့် နို့ထိန်းအမေက သူ့ကို ချီခေါ်သွားတော့မည်ကို မြင်တော့ ချက်ချင်း ဒေါကန်လာလေသည်။

ချစ်စရာကောင်းသည့် ထိုမျက်နှာသေးသေးလေးက ရှုံ့မဲ့သွားပြီး ပါးစပ်ကနေ အဆက်မပြတ် ဗလုံးဗထွေးပြောဆိုနေကာ မာန်စွယ်တငေါငေါဖြစ်လို့နေသည်။
ကုထင်ရန်ကို ကြည့်ရင်း အော်ပြီး လက်ကိုဆန့်ထုတ်ထားသေးကာ သူ့ကို ပြန်ချီခိုင်းနေပုံရသည်။

ကုထင်ရန်က မြင်တော့ စိတ်မကောင်းဖြစ်သွားသည်။

"အရှင်ဘာလုပ်တာလဲ၊ ကျွန်တော် ခဏလောက် သူနဲ့အတူ ဆော့နေတာပါ"

ကျောက်ဝမ်ယုံးက ဇနီးလေး၏ ပုံစံကို မြင်တော့ စိတ်ထဲမှာ စိတ်တိုလာသည်။ ကိုယ့်ကျန်းမာရေး မကောင်းသဖြင့် အနားယူဖို့လိုတာကို မသိပြန်ပေဘူးလား၊ ညလယ်ခေါင်ကြီးမှာ ကလေးနဲ့‌အတူ အရူးလို ဆော့နေသေးသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီTempat cerita menjadi hidup. Temukan sekarang