အပိုင်း(၆၇) မိသားစု

2.1K 355 26
                                    

ကုထင်ရန် ရှီးအာလေးကို ခေါ်ပြီး ပြန်သွားသည့်အချိန်က စောနေသေးသဖြင့် နှစ်ယောက်သား စာဖတ်ခန်းထဲ အောင်းပြီး တိတ်တဆိတ်စကားပြောဖြစ်ကြသည်။

ကျောက်ရှန့်ရှီးက သူ့အနားမှာ မျှော့လိုကပ်တွယ်နေပြီး စာရေးတာတောင် စိတ်သိပ်မပါတော့ချေ။ အမြဲတမ်း သူ့ဘက် လှည့်လှည့်ကြည့်နေကာ နှုတ်ခမ်းထောင့်စွန်း၌ ပြုံးပန်းပါဆင်ထားသေးသည်။

ကုထင်ရန် ခေါင်းမော့လိုက်သည်နှင့် သူက အမှတ်တမဲ့ကြည့်မိသည့် ပုံစံဖမ်းပြီး ခေါင်းလွှဲလိုက်သည်။ ထိုပုံစံလေးက အင်မတန်  ကိုးရိုးကားယားနိုင်လှသည်။ ကုထင်ရန်ကြည့်လိုက်သည်နှင့် သူရဲ့ အတွေးပိစိလေးကို သဘောပေါက်လိုက်သည်။ တစ်ခေါက် နှစ်ခေါက်က ထားလိုက်ပါ။ ကျောက်ရှန့်ရှီးမှ တတိယအကြိမ် အမှုမှတ်အမှတ်မဲ့ကြည့်မိသည့် ပုံစံဖမ်း၍ သူ့အား ကြည့်လာသည့်အချိန်တွင် ကုထင်ရန်က မအောင့်အီးနိုင်တော့တဲ့အဆုံး ပြုံးလျက်ပြောလိုက်တော့သည်။

"သား ဘာလို့ ဖေ့ဖေ့ကို ခဏခဏ ကြည့်နေရတာလဲ"

ကျောက်ရှန့်ရှီး မျက်နှာထက်ရှိ အပြုံးက  ရုတ်ချည်း ဝေဆာသွားလေသည်။
ကုထင်ရန်၏  အမြင်မှာတော့ သူ မဆိုစလောက်လေး ရှက်နေသည်ဟု ထင်မိသည်။ ထိုအမူအရာလေးက ပိုလို့တောင် မြင်ရခဲပါသည်။

ခဏလောက်ကြာပြီးမှသာ ကျောက်ရှန့်ရှီးက အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောလာသည်။

"ဖေဖေ၊ ဖေဖေ နောက်နေ့ သားနဲ့အတူ ခမည်းတော်ကို သွားကြည့်ဦးမယ်ဆိုတာ တကယ်ပြောတာလား"

အသံက တိုးညှင်းနေပြီး မယုံရဲသည့် ငံ့လင့်မှုများအပြင် ဖော်ပြရန်ခက်ခဲသည့် ထက်သန်သော မျှော်လင့်ချက်များပါ ကပ်ပါနေသေးသည်။

ကုထင်ရန်၏ လက်က အနည်းငယ် ရပ်တန့်သွားပြီးနောက် ကြင်ကြင်နာနာနဲ့ ပြောလိုက်သည်။

"ဖေဖေ ဘယ်တုန်းက သားကို လိမ်ဖူးလို့လဲ"

ပြောပြီး အာမခံသလိုနဲ့ ကျောက်ရှန့်ရှီး၏ လက်ကို ဆုပ်ကိုင်လိုက်သေးသည်။ 

ကျောက်ရှန့်ရှီး၏ မျက်နှာထက်၌ အပြုံးများ နဲ့ ဝေဆာသွားပြီး ကုထင်ရန်ကို ကပ်ချွဲလေတော့သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now