အပိုင်း(၈၂)ဧကရီအပ်နှင်းပွဲ (ဒုတိယပိုင်း)

3.2K 431 8
                                    

ရှောင်အန်းဇီလေးက ရင်တလှပ်လှပ်ဖြင့် ကျောက်ဝမ်ယုံး၏ နားနားမှာ ခုနက လျှို့ဝှက်တပ်သားပေးပို့သည့် သတင်းကို မခြွင်းမချန် ပြောပြလိုက်သည်။

ကျောက်ဝမ်ယုံး ကြားတော့ မျက်တောင်တောင် တစ်ချက်မခတ်ပေ။

မျက်နှာချင်းဆိုင်ရှိ ရှောင်းတန်းယွင်က မေးမြန်းလိုစိတ်တွေပေါ်လာပေမယ့် ထုတ်မမေးလိုက်ချေ။

ကျောက်ဝမ်ယုံးက သူမကို တစ်ချက်ပြုံးပြလိုက်သည်။

"ဘာကိစ္စကြီးကြီးမားမားမှ မဟုတ်ပါဘူး"

ပြောပြီးနောက် ချက်ချင်း ရှောင်းတန်း
ယွင်နှင့် လက်ချင်းချိတ်ကာ ကြိုတင်ပြင်ဆင်ထားသည့် မင်္ဂလာအရက်ကို သောက်လိုက်သည်။

ရှောင်းတန်းယွင်က ကျောက်ဝမ်ယုံးကို ကြည့်ပြီး ရှက်ပြုံးပြုံးလိုက်သည်။ တွန့်ဆုတ်ခြင်းအလျဉ်းမရှိဘဲ ထိုအရက်ကို သောက်ချလိုက်သည်။ သူမ၏ မျက်နှာက အနီရောင်ပဝါအောက်မှာ ဖုံးအုပ်ခံထားရပေမယ့် ဝမ်းသာပီတိဖြစ်နေသည့် အမူအရာက သိသာထင်ရှားသည်။

နန်းဆောင်အတွင်းရှိ အထိန်းတော်များက အပြန်အလှန် တစ်ချက်ကြည့်လိုက်ပြီး ဧကရာဇ်နှင့် ဇကရီတို့၏ မင်္ဂလာအခါသမယကို ထပ်မနှောက်ယှက်ဝံကြတော့သဖြင့် ချက်ချင်းထွက်သွားလိုက်သည်။ ဘေးမှာရပ်စောင့်နေသည့် အန်းကုန်းကုန်းတစ်ယောက်သာ ကျန်ရစ်ခဲ့သည်။

ရှောင်းတန်းယွင်ကို ကြည့်ရတာ အနည်းငယ် စိတ်လှုပ်ရှားနေပုံရပြီး လက်ချောင်းကို တရစပ် လိမ်နေသည်။
သူမက အနီရောင်ပဝါဖြင့် ဖုံးလွှမ်းခံထားရဆဲဖြစ်ပြီး သတို့သားက ဖယ်ပေးမှာကို စောင့်နေသည်။ လူက အနီရောင်ပဝါဖြင့် လုံးလုံးလျားလျား ဖုံးလွှမ်းခံထားရပြီး ဘာကိုမှ မမြင်ရပေမယ့်လည်း အလိုလို စိတ်လှုပ်ရှားမိသည်။

သူက ငြိမ်ငြိမ်ဆိမ်ဆိမ်ဖြင့် ခဏလောက် စောင့်ခဲ့ပေမယ့်လည်း ကျောက်ဝမ်ယုံး၏ လှုပ်ရှားမှုကို မမြင်ရပေ။ တစ်ခုခုပြောမလို့ ပြင်လိုက်တဲ့အချိန်မှာ ရုတ်တရက် အနည်းငယ် ငိုက်မြည်းလာပြီး မတောင့်ခံနိုင်တော့တဲ့အဆုံး အိပ်ပျော်သွားသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now