အပိုင်း(၄၄) မင်း လုပ်ချင်တာလုပ်လို့ ဝပြီလား

2.5K 317 50
                                    

နောက်တစ်နေ့ နံနက်စောစော မိုးမလင်းခင်မှာ ကုထင်ရန်က သမားတော်ချန်နှင့်အတူ မြို့တံခါးသို့ သွားလိုက်သည်။

နံနက်စောစောတွင် နံနက်စာရောင်းသည့် ဆိုင်များ ဖွင့်နေကြပြီဖြစ်သည်။ လူကုံထံအိမ်ရှိ အစေခံများက လမ်းမထက်မှာ ဈေးဝယ်ရင်း အလုပ်ရှုပ်နေကြလေသည်။

သမားတော်ချန်က ကုထင်ရန်ကို ခေါ်၍ ဆိုင်တစ်ဆိုင်ထဲ ဝင်သွားလိုက်သည်။ ခေါက်ဆွဲနှစ်ပွဲမှာပြီးနောက် နံနက်စာကိုစိမ်ပြေနပြေဖြင့် စသုံးဆောင်နေလေသည်။

ကုထင်ရန်က မျက်မှောင်ကျုံ့လျက် သူ့ကို မေးလိုက်သည်။

"မသွားသေးဘူးလား"

သမားတော်ချန်က မျက်စပစ်ပြပြီးနောက် တိုးတိုးလေးပြောလိုက်သည်။

"အခုက စောသေးတယ်၊ မြို့တံခါးတောင် ခုနကမှ ဖွင့်တာ"

ကုထင်ရန်က ရုတ်ချည်း သဘောပေါက်သွားသည်။ သူတို့နှစ်ယောက်က ကြည့်လိုက်တာနဲ့ စီးပွားရေးလုပ်ဖို့ ရွာမှ တတ်လာသည့်သူတွေမဟုတ်ချေ။ နံနက်စောစော၌ မြို့ပြင်ထွက်ဖို့ အလျင်လိုနေလျှင် ပြဿနာရှိကြောင်း သိသာသွားမည်ဖြစ်သည်။ ထိုအခါ ထွက်ဖို့ သိပ်မလွယ်လောက်တော့ချေ။

ဆယ့်ငါးမိနစ်လောက်ကြာတော့ လူတွေက ရှေ့ဆင့်နောက်ဆင့် မြို့ပြင်ထွက်လာကြသည်။

သမားတော်ချန်က ထိုကျမှသာ ပြုံးလိုက်ပြီး ရင်တမမဖြစ်နေသည့် ကုထင်ရန်ကို ပြောလိုက်သည်။

"သွားကြမယ်"

ကုထင်ရန်က သူ့နောက်လိုက်သွားလိုက်သည်။ ဆောင်းရာသီ၏ နံနက်ခင်းက ဝေလီဝေလင်းဖြစ်နေသေးသောကြောင့် လမ်းပေါ်ရှိ လမ်းသွားလမ်းလာများကို သဲသဲကွဲကွဲ သိပ်မမြင်ရချေ။ ဤကဲ့သို့ အခြေအနေမျိုးမှာတောင် မနက်တုန်းက
အိမ်ကမထွက်ခင် နှစ်ယောက်သား ရုပ်ဖျက်လိုက်ကြသေးသည်။

ကုထင်ရန်က သမားတော်ချန်နောက်လိုက်ရင်း သမားတော်ချန်က ဖြတ်သန်းသွာလာခွင့်လက်မှတ်ကို အရှေ့က ရဲမက်ထံပေးပြီးနောက် ငွေထုပ်လေးတစ်ထုပ်ကို ခိုးထိုးထည့်ပေးလိုက်သည်ကို မြင်လိုက်ရသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now