အပိုင်း(၈၀) ဆီးကြိုနေသောပြဿနာများ

3.4K 475 12
                                    

ရူရွေ့၏ ကိစ္စကို သူက ကတိပေးပြီးသားဖြစ်သည်။ သူက ကတိတည်သည့်လူတစ်ယောက်ဖြစ်သဖြင့် သေချာပေါက် အကောင်အထည်ဖော်ပေးရမည်။ သို့ပေမယ့်လည်း ဒီအချိန်မှာတော့ အလောတကြီး စီစဉ်လို့မဖြစ်ပေ။

အခု ရူရွေ့က သူ့ဆီက ထွက်သွားရင် လူတစ်ချို့က အခွင့်ကောင်းယူမှာကိုသာ ကြောက်မိသည်။

ထိုကြောင့် အစကတည်းက
ကျောက်ဝမ်ယုံး သဘောတူဖို့ သူလည်း မမျှော်လင့်ထားပေ။ သူ့စိတ်ထဲမှာ ကြံရွယ်ထားသည့် အစီအစဉ်ကို အသိပေးရုံသာဖြစ်သည်။  သူဒီနေ့ ထုတ်ပြောလိုက်သော်လည်း ချက်ချင်း အကောင်အထည်ဖော်ရမည်မဟုတ်ပေ။

ကုထင်ရန် စိတ်ထဲရှိ ခေါင်းခြောက်စရာများကို  သေချာပေါက် ကျောက်ဝမ်ယုံးကို ပြောလိမ့်မည်မဟုတ်ပေ။ ရလဒ်ကို ကြိုတင် ခန့်မှန်းပြီးသားဖြစ်ရင်တောင် ကုထင်ရန်က မကျေမနပ်ဖြစ်နေတုန်းပင်။ သူ့မျက်နှာပေါ်မှာ မကျေနပ်ချက်တွေပေါ်နေပြီး
ကျောက်ဝမ်ယုံးကိုလည်း အေးတိအေးစက်ဆက်ဆံလေသည်။

သူက ထိုကိစ္စကြောင့်ဆိုတာ ကျောက်ဝမ်ယုံးကသိပေမယ့် အလျော့ပေးလို့မရနိုင်သည့်ကိစ္စဖြစ်သဖြင့် သူချစ်ရတဲ့သူကြောင့်ဆိုရင်တောင် သူလည်း အလွယ်တကူ လွှတ်ပေးလိုက်လို့ မရပေ။

နှစ်ယောက်သား ကသိကအောင့်ဖြစ်လျက်   နံနက်စာကို စားလိုက်သည်။ ကုထင်ရန်က လူအကပ်မခံသည့် ပုံစံဖြစ်နေပြီး
ကျောက်ဝမ်ယုံးကိုလည်း စကားကောင်းကောင်းမပြောသဖြင့် အနည်းငယ် အကျပ်တွေ့ နေသည်။

တိုက်တိုက်ဆိုင်ဆိုင် ထိုအချိန်မှာ နို့ထိန်းအမေက ခုလေးတင် နို့တိုက်ပြီးသည့်
ကျောက်ရှန့်ရှီးကို ချီပြီး ခေါ်လာသည်။

ကျောက်ရှန့်ရှီးက အပြင်ပန်းမှာတော့ ကျောက်ဝမ်ယုံးနှင့်အတူ ထိုက်ကျီနန်းဆောင်မှာ နေတာဖြစ်ပေမယ့် သူတောင် ထို နန်းဆောင်မှာမနေတော့ သေချာပေါက် ကလေးကိုလည်း တစ်ယောက်ထဲ ထိုနေရာတွင် ပစ်ထားလိမ့်မည်မဟုတ်ပေ။

အခု ကလေးက ငယ်သေးတော့  မုချန်နန်းဆောင်မှာ အရင်နေခိုင်းထားခြင်းဖြင့်
ကုထင်ရန်က သူ့အား သောင်းကျန်းလာမှာကို ရှောင်ရှားပြီးသားလည်းဖြစ်သွားသည်။
ကလေး အသက် တစ်နှစ် သို့မဟုတ် နှစ်နှစ်အထိ စောင့်ပြီးမှ သူ့ကို ‌နေရာထပ်ပြောင်းလိုက်မည်ဟု ကျောက်ဝမ်ယုံးက တွေးထားသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now