အခန်း(၃၀) အရှင် ကျွန်တော့်ကို ချစ်လား

5.8K 695 28
                                    

ကျုံးစုဟို့အိမ်တော်သို့ ကုထင်ရန်ရောက်သည့်အချိန်တွင် အစေခံနှစ်ယောက် အတင်းတုပ်နေတာကို တိုက်တိုက်ဆိုင်ဆိုင်ကြားလိုက်ရသည်။ ပြောနေတာက လန်ယွမ့်ခြံဝင်းရှိ သခင်မကြီးက မနေ့က အရူးလိုမျိုး ဆူပူသောင်းကျန်းနေသဖြင့် သခင်ကြီးတောင် သွားဆွဲလိုက်ရသည်။ နောက်ဆုံး
ဘာဖြစ်သွားလည်းမသိပေ။ လူကသတိလစ်သွားသည်။

ကုထင်ရန်၏ ခြေလှမ်းတွေက ပိုပြီး မြန်ဆန်သွားပြီး ရောက်တဲ့အချိန်မှာ သူ၏ မိခင်က အေးချမ်းစွာဖြင့် ကုတင်ပေါ်၌ လှဲလှောင်းနေတာကို မြင်လိုက်ရသည်။ ဘေးမှာ စွန်းမိုမို တစ်ယောက်သာရှိပြီး စွန်းမိုမိုက သူ့ကို မြင်တော့ အံလည်းမအံဩချေ။ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် သခင်မကြီးကို ပြုစုနေသည်။

သို့ပေမယ့် စိတ်မပါတပါဖြင့် ပြောလာသည်။

"နန်းတော်ထဲက ဟိုမိန်းကလေး ကိုယ်ဝန်ရှိလာတော့ အနောက်ခြံဝန်းရဲ့ လူတွေဆီကနေ စကားတွေပြန့်လာတယ်၊ အိမ်တော်ရဲ့ အမွေဆက်ခံသူနေရာက အကြီးဆုံးသခင်လေးအတွက်ပဲဖြစ်နိုင်‌လောက်မယ်တဲ့၊ ဒါပေမယ့် အမိန့်စာက ထုတ်ပြန်ဖို့ ရက်အချို့လောက်ကြာဦးမယ်ဆိုပဲ"

စွန်းမိုမိုက အများကြီး ထပ်မပြော‌တော့ပေ။ သို့သော် ထွက်သွားသည့်အချိန်တွင် ကုထင်ရန်ကို နက်နက်ရှိုင်းရှိုင်း တချက်ကြည့်သွားသည်။ ထိုမျက်ဝန်းအကြည့်တွေထဲတွင်အပြစ်တင်ချင်မှုများ မြင်လွယ်နေသည်။

ဒါတွေအားလုံးက သူ့ရဲ့ အမှားတွေဆိုတာ သူသိသည်။ အကယ်၍ မနေ့က သူ့အမေကို စိတ်ထိခိုက်‌အောင်မဆွခဲ့ရင် ကုထင်ရှန့်က
အမေ့ကို ထပ်ပြီး ဆေးတိုက်လိမ့်မည်မဟုတ်ချေ။

ငယ်ငယ်လေးထဲကနေ ကြီးသည်အထိ သူ့ရဲ့
အမေက အမြဲတမ်း ထူးဆန်းသည့် အကြောင်းအရင်း အမျိုးမျိုးကြောင့် အိပ်ရာထဲလှဲနေရတတ်သည်။ သို့ပေမယ့် အနောက်ဘက်အဆောင်က သခင်မကြီးက သူတို့ကို အရိုးထဲထိ မုန်းတီးနေတာတောင်၊ သူတို့ ဒီလိုအခြေအနေမျိုးကို ကျရောက်သွားခဲ့တာ‌တောင် သူတို့က အသက်ရှင်နိုင်နေတာ ထူးဆန်းသည်။

အရင်တုန်းက ကုထင်ရှန့်သည် နာမည်ဂုဏ်သတင်းကို တန်ဖိုးထားသောကြောင့် သူတို့သားအမိ၏ သေခြင်းက သူ့အား သစ္စာမရှိသည့် နာမည်ဆိုး ရမည်ကို ကြောက်နေတယ်လို့ ကုထင်ရန်က ထင်နေမိသည်။ သို့ပေမယ့် ထိုအကြောင်းပြချက်က အမှန်တော့ အနည်းငယ် သဘာဝမကျပေ။ သူတို့သားအမိက ဒီလောက်နှစ်တွေအကြာကြီး လူမသိသူမသိမထင်မရှား နေခဲ့ရသဖြင့် ရုတ်တရက် သေခြင်းက သူ၏ နာမည်ဂုဏ်သတင်းအပေါ် ဘယ်လို ထိခိုက်မှုက ဖြစ်ပေါ်လိမ့်မည်မဟုတ်ပေ။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီTahanan ng mga kuwento. Tumuklas ngayon