အပိုင်း(၄၅) မင်းရဲ့ခြေထောက်ကို ရိုက်ချိုးပစ်မယ်

2.7K 318 28
                                    

ကျောက်ဝမ်ယုံးက ရူးသွားသလိုပင်။ သူက သဲကြီးမည်းကြီးဖြင့် ကုထင်ရန်၏ ခန္ဓာကိုယ်ပေါ်မှာ သူပိုင်ဆိုင်ကြောင်း အမှတ်အသားများ ချန်ထားပြီး သူ့ကို သိမ်းပိုက်ဖို့ အသည်းအသန်ကြိုးစားချင်လာလေသည်။
သူက ကုထင်ရန်၏ ကိုယ်ကို တစ်လက်မချင်းစီ နမ်းရှုံ့ပြီး နှင်းလိုဖြူဖွေးသည့် အသားအရေးပေါ်၌ ခပ်နက်နက်ခပ်ဖျော့ဖျော့ အမှတ်အသားများ ချန်ထားခဲ့သည်။

သို့ပေမယ့် မလုံလောက်သေးချေ။

လုံလောက်ဖို့ အဝေးကြီးလိုပါသေးသည်။

သူက မျက်လုံးနီနီဖြင့် ကုထင်ရန်၏ နားရွက်နားကပ်ပြီး ရက်ရက်စက်စက်ပြောလိုက်သည်။

"မင်းမှတ်ထား၊ မင်း တစ်ဘဝလုံးက ငါ့အပိုင်"

ကုထင်ရန်မှာ အံကို တင်းတင်းကျိတ်ထားရလေသည်။ နှုတ်ခမ်းထက်ရှိ သွားရာ အတန်းလိုက်ကြောင့် သွေးများက သူ့ရဲ့ နှုတ်ခမ်းထောင့်တစ်လျှောက် စီးကျလာလေသည်။ သို့သော် သူ့ရဲ့ မျက်ဝန်းက ပြုံးဟန်စွက်နေဆဲဖြစ်သည်။ ပျော်ရွင်နေသည့် အပြုံးနှင့်မတူဘဲ လှောင်ပြောင်နေသော၊ အကြင်နာမဲ့သော အပြုံးမျိုးဖြစ်သည်။

ကျောက်ဝမ်ယုံး၏ ခေါင်းထဲတွင် ဆင်ခြင်တုံတရားနှင့်ဆိုင်သော ထိုကြိုးမျှင်က လုံးဝ ပြတ်တောက်သွားခဲ့သည်။

သူ့မျက်ဝန်းက သွေးရောင်လွှမ်းသွားပြီး မျက်နှာပေါ်၌ ဒေါသရိပ်များ အပြည့် လွှမ်းသွားသည်။ လုံးဝ သည်းမခံနိုင်တော့သည့်အဆုံး ကုထင်ရန်ကိုယ်ပေါ်၌  အထိန်းအကွပ်မဲ့ လှုပ်ရှားတော့သည်။

ကုထင်ရန်မှာ ကျောက်ဝမ်ယုံး၏ အကြမ်းပတမ်း ဆက်ဆံမှုကို တောင့်ခံနေရသည်။ ထိပ်တိုက်ရင်ဆိုင်သည့် ဒီပွဲမှာ သူမရှုံးချင်သဖြင့် အံကို တင်းတင်းကျိတ်ထားလိုက်သည်။ သူက နောက်ဆုံးလက်ကျန် ခွန်အား
ဖြင့် ပါးစပ်ကို တင်းတင်းစေ့ထားလိုက်သည်။

သည် လုပ်ငန်းစဉ်အတွင်း ကုထင်ရန်က အသံတစ်သံတောင် မထွက်ခဲ့ချေ။

ကျောက်ဝမ်ယုံးသည် မိမိ၏ ဒေါသထဲ နစ်မြုပ်နေသောကြောင့် အရာအားလုံးကို မေ့သွားခဲ့သည်။ ကုထင်ရန်၏ ခန္ဓာကိုယ်ပေါ်၌ သူ့နှင့်သက်ဆိုင်သော အရာကို ရှာတွေ့ဖို့ အစွမ်းကုန်ကြိုးစားနေလေသည်။ သူက အတော်လေး ဒေါသထွက်နေသောကြောင့် ကုထင်ရန်ကို လုံးဝ သတိမထားမိခဲ့ချေ။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီNơi câu chuyện tồn tại. Hãy khám phá bây giờ