အခန်း(၁၅)ကုမိသားစု

5.8K 719 13
                                    

ကုထင်ရန် လှည့်ထွက်သွားမလို့လုပ်တုန်းမှာ
ကုထင်ရှန်း၏ ဒေါသထွက်လွန်းသဖြင့် ဖြူစုတ်နေ‌သောပုံစံကို မြင်တော့ စိတ်ဝင်စားစရာကောင်းသည်ဟု ထင်မိသွားပြီး စိတ်ထဲမှာ ရွင်မြူးလာလေသည်။

"ငါပြောသံကြားတယ်၊ မင်းဒီတစ်ခေါက်လည်း စာမေးပွဲကျပြန်ပြီဆို"

ကုထင်ရန်က လှောင်ပြောင်ချင်သလို ကြည့်ပြီး

"မင်းလည် မငယ်တော့လို့
ဒီတစ်သက် ပညာရှင်မဖြစ်လာနိုင်တော့ပါဘူးကွာ"

"မင်း"

ကုထင်ရှန်းက စိတ်တိုလွန်းသဖြင့် ချက်ချင်း မျက်လုံးပြူး မျက်ဆံပြူးဖြစ်သွားလေရာ မျက်နှာပေါ်၌ သွေးစိမ်းကြောများပါ ထောင်လာလေသည်။ ဒေါသတကြီးဖြင့် ကုထင်ရန်ကို စိုက်ကြည့်လာသည်။

ကုထင်ရန်၏ စိတ်အခြေအနေက ရုတ်တရက် လန်းဆန်းတတ်ကြွလာလေသည်။

"မင်းလိုအပေါစားကောင်ကများ"

ကုထင်ရှန်းက ထိုသူရဲ့ကျေနပ်နေသောပုံစံကို မြင်တော့ သည်းမခံနိုင်တော့သဖြင့် ရှေ့တတ်လာပြီး လက်မြှောက်ကာ ရိုက်ချင်လာလေသည်။

"ရှန်းအာ"

ကုထင်ရှန့်က ဘယ်တုန်းက ထွက်လာမှန်း မသိပေ။ သူက တံခါးဝမှာရပ်ရင်း မျက်စိရှေ့မှာ ဖြစ်ပျက်နေသမျှကို ဘေးကနေ အေးတိအေးစက်ဖြင့် လက်ပိုက်ကြည့်နေ လေသည်။ ကုထင်ရှန်း လက်ပါတော့မည့်အချိန်မှာတော့ အချိန်မီ ဟန့်တားလိုက်သည်။

ကုထင်ရန်က တလျှောက်လုံး အဖေလို့ခေါ်သည့် ထိုလူကိုအေးတိအေးစက်ကြည့်ရင်း စိတ်ထဲမှာ အော်ကလီဆန်လာလို ခံစားမိလာသည်။ သူ့မျက်ဝန်းထဲရှိ စက်ဆုပ်ရွံရှာမှု
များက ဘယ်သူမှ လျစ်လျူရှုလို့မရသည်အထိ သိသာထင်ရှားလာလေသည်။ အမှန်တိုင်းပြောရရင် ကုထင်ရန် ဒီဘဝမှာ အမုန်းဆုံးလူက တကယ်တော့ ကျောက်ဝမ်ယုံးမဟုတ်ပေ။

ကျောက်ဝမ်ယုံးက သူ့ဘဝကို ဖျက်ဆီးခဲ့ရင်တောင်မှ တကယ်တော့ သူ့အပေါ်ထားတဲ့ ခံစားချက်တော်တော်များများက ဒေါသသာဖြစ်သည်။ သူ့ကို မမွေးထားဖူးတဲ့လူတစ်ယောက်အပေါ် ဘယ်တော့မှ မျှော်လင့်ချက်ဆိုတာ ထားမှာမဟုတ်ပေ။ မျှော်လင့်ထားတာမရှိတော့ နာကြည်းစရာလည်းရှိမှာမဟုတ်ပေ။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now