အပိုင်း(၇၀) သွေးအန်ခြင်း

2K 349 38
                                    

ကျောက်ဝမ်ယုံး၏ လက်က တုန့်ခနဲ ရပ်တန့်သွားလေသည်။ တမင် ခေါင်းမော့မကြည့်ပေမယ့် သူ့ကိုယ်ပေါ်က အရှိန်အဝါများကို ချက်ချင်း ရုတ်သိမ်းလိုက်သည်။ နေခြည်နွေးနွေးလေးက သူ့မျက်နှာထက်
ဖြာကျနေသောကြောင့် ကြုံတောင့်ကြုံခဲ
နွေးထွေးသည့် ရောင်ဝါများ ကွန့်မြူးနေခဲ့သည်။

"ခင်ဗျား ဘာလို့ ဒေါသထွက်ပြန်ရတာလဲ"

ထိုစကားကို ကုထင်ရန်က ဂရုမစိုက်ဟန်နဲ့ ပြောပြီး လက်ထဲ အစားအသောက်ဘူးကို ကျောက်ဝမ်ယုံးရှေ့ချလိုက်သည်။
အပြုအမူက တင်စီးလွန်းနေသည်။ 

"မင်းအပူလား"

ကျောက်ဝမ်ယုံးက မျက်နှာခပ်မာမာနဲ့ ပြောလိုက်ပေမယ့် လက်ကတော့ ကုထင်ရန် သူ့အတွက် ပြင်ဆင်ပေးထားသည့် အစားအသောက်ဘူးကို ဖွင့်နေလေသည်။
ကုထင်ရန်သည် သူ့ရဲ့ အပြောနဲ့အလုပ်မညီသော သူပုံစံကို မြင်တော့ ရုတ်တရက် ရယ်ချင်လာသည်။

သူက ရယ်ချင်စိတ်ကို ချိုးနှိမ်လိုက်ပေမယ့်
မပျော်စဖူးပျော်မိနေမှုကြောင့် မျက်ဝန်းထဲဝယ် ပြုံးရိပ်များ သန်းသွားသေးလေသည်။

နောက်မှာပါလာသော ကျောက်ရှန့်ရှီးသည် ဖေဖေမျက်ဝန်းထဲက အပြုံးကို မြင်တော့ အန်းကုန်းကုန်းကို မိမိအသိစိတ်နဲ့ ထွက်သွားစေချင်သဖြင့် တိတ်တဆိတ် မျက်ရိပ်ပြလိုက်သည်။  နန်းဆောင်ထဲတွင် သူတို့ မိသားစုသုံးယောက်သာ ကျန်ရှိတော့သည်။

ကုထင်ရန်သည် ဘေးနားက ထိုင်ခုံထက်၌ ထိုင်ပြီး လက်ထဲက စာအုပ်ကို အာရုံစူးစိုက်၍ ဖတ်နေလေသည်။ ၎င်းစာအုပ်သည် သူ ခုနက ကျောက်ဝမ်ယုံးနောက်ဘက်ရှိ စာအုပ်စင်ပေါ်မှ ယူလိုက်တာဖြစ်သည်။ ထိုစာအုပ်စင်ထက်၌ တစ်ခါတစ်ရံ လျှို့ဝှက် စာရွက်စာတမ်းများ ထားထားတတ်သဖြင့် ကျောက်ဝမ်ယုံး အယုံကြည်ရဆုံး လက်အောက်ငယ်သားများတောင် သူ့မျက်စိရှေ့အောက်၌သာ သန့်ရှင်းရေးလုပ်ရသည်။

သို့သော် ကုထင်ရန်ကတော့ အသံတောင်တစ်ချက်မပြုဘဲ အထဲက စာအုပ်ကို တိုက်ရိုက်ယူလိုက်သည်။ စစ်ဗျူဟာကျမ်းများနှင့် အရေးကြီးသောစာရွက်စာတမ်းများကြားတွင် ထိုစာအုပ်များနှင့် ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်နေသော ခရီးသွားမှတ်တမ်းစာအုပ်တစ်ချို့ ပုန်းအောင်းနေခဲ့သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now