အပိုင်း(၈၈)ပြောင်းလဲခြင်း

2K 315 25
                                    

ကုထင်ရန်၏ နှလုံးသားအောက်ခြေမှ ရုတ်တရက် ကြောက်ရွံစိတ် ပေါက်ဖွားလာခဲ့သည်။ ဘာလို့လည်းမသိပေ။ ထိုအမိန့်စာက သည်အတိုင်း သူ‌မျက်စိရှေ့မှာ ရှိနေပေမယ့် သူအတွက်ကတော့ အန္တရာယ်ပေါင်းများစွာခြားထားသော အမိန့်စာလိုပင်။

သူရဲ့ တောင့်ခံထားမှုများသည် ထိုအမိန့်စာတစ်စောင်ကြောင့် ပြိုလဲကျတော့မလိုပင်။

သူ့လက်က တဆတ်ဆတ်တုန်ယင်နေပြီး စိတ်ထဲတွင် သူ့အား မထိနဲ့ဟု အဆက်မပြတ် ပြောဆိုနေသည့် အသံတစ်သံရှိနေသည်။ သို့ပေမယ့် သူကတော့ မထိန်းချုပ်နိုင်ဘဲ လက်ဆန့်ထုတ်ပြီး ထို ရွှေဝါရောင်အမိန့်စာကို ယူလိုက်သည်။

သူက ကြောင်တတ်တတ်နဲ့ ထိုအမိန့်စာကို ဖွင့်လိုက်သည်။ အထဲတွင် ရှည်လျားထွေပြားသော စာများရေးသားထားသဖြင့် သူတောင်ဖတ်ရင်း စိတ်ရှုပ်လာသည်။ သို့ပေမယ့် သူရဲ့မျက်လုံးက အထဲက စာလုံးတစ်ချို့ရဲ့ သွေးဆောင်ခြင်း ခံလိုက်ရသည်။

"....ကုမျိုးနွယ် ကုကွေ့ကျွင်းအား တိုင်းပြည်၏ မိခင် ဧကရီအဖြစ်ခန့်အပ်သည်...."

"ဘာတွေလျှောက်ရေးထားတာလဲ....ရှည်လျားထွေပြားပြီး ရူပ်ယှက်ခက်နေတာပဲ......"

ကုထင်ရန်က ထိုရွှေဝါရောင်အမိန့်စာကို ကိုင်ထားရင်း မျက်ခမ်းစပ်က စူးခနဲဖြစ်လာသည်။ သူက အနည်းငယ် ခါးသီးနာကျင်နေသော အပြုံး ချိတ်ဆွဲဖို့ ကြိုးစားထားပေမယ့် လက်ချောင်းများက တဆက်ဆက်တုန်ယင်လာလေသည်။ ထိုအပြုံးမျက်နှာအောက်က တခြားအဓိပ္ပာယ်များပါ ထပ်ပေါ်သွားခဲ့သလိုပင်။

ကုထင်ရန်က ထို လျှို့ဝှက်‌သေတ္တာကို တစ်ချက်ကြည့်ပြီး ခဏလောက် စဉ်းစားခဲ့ပေမယ့် အဆုံးမှာတော့ ထိုအမိန့်စာကို မူလနေရာမှာ ပြန်ထားခြင်း မရှိပေ။

ထိုအမိန့်စာက သူနဲ့သက်ဆိုင်သည့် လက်ဆောင်ဖြစ်မှတော့ သူ သိမ်းဆည်းထားသင့်ပေသည်။

ကျောက်ဝမ်ယုံး သူ့ကို ပေးသည့် ပစ္စည်းအပေါ် ရွံရှာမှုနှင့် မုန်းတီးစက်ဆုပ်မှု လုံးဝ
မရှိတာ ဒါ ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ထက်ပင်မက ကြုံတောင့်ကြုံခဲ ပျော်တောင်ပျော်နေမိသေးသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now