အပိုင်း(၂၀) မုန်တိုင်းတစ်ဖန်ထန်တော့မည်

2.2K 261 6
                                    

မုချန်နန်းဆောင်ထဲတွင် ကျုးကောယွီလက်ထဲမှ လွတ်လာတာမကြာသေးသည့်
ကျောက်ရှန့်ရှီးက တံခါးဝတွင် ငုတ်တုပ်
ထိုင်နေပြီး တုပ်တုပ်တောင်မလှုပ်ချေ။ မျက်လုံးက မြောက်ဘက်ရှိ နန်းတော်ဂိတ်တံခါးကို မမှိတ်မသုန် စိုက်ကြည့်နေလေသည်။ ဝမ်ကုန်းကုန်းက မင်းသားငယ်လေး အအေးမိမှာစိုး၍ စောင်လေးတစ်ထည် အမြန်သွားယူပြီး ခြုံပေးလိုက်လေသည်။

ကျောက်ရှန်းရှီးက ၎င်းအရာတွေကို မကြိုက်သဖြင့် လွှင့်ပစ်ထုတ်လိုက်လေသည်။
ဝမ်ကုန်းကုန်းက နားမချနိုင်တော့ ဘေးမှာ ရပ်၍ မင်းသားငယ်လေးနှင့်အတူ စောင့်ပေးနေလိုက်လေသည်။ အတန်ကြာသည်အထိစောင့်နေခဲ့သော်လည်း လူအရိပ်တောင်မမြင်ရသဖြင့် ကျောက်ရှန့်ရှီး၏ ရှားပါးလှသည့် စိတ်ရှည်မှုများက အနည်းငယ် ကုန်ခမ်းသွားလေသည်။ သူက ဝမ်ကုန်းကုန်းကို မေးလိုက်တော့သည်။

"ဖေဖေက ဘယ်အချိန်ကျမှ ပြန်လာမှာလဲ"

လေသံထဲတွင် ဝမ်းနည်ညိုးငယ်မှုများအတိဖြစ်သည်။

ဝမ်ကုန်းကုန်းက စိတ်ထဲကနေ သခင်တွေရဲ့ ကိစ္စကို သူတို့အစေခံတွေက ဘယ်လိုလုပ် သိနိုင်မည်နည်းဟု ရေရွတ်လိုက်လေသည်။ သို့သော် မျက်နှာပေါ်မှာတော့ မျက်နှာလုပ်သည့် အပြုံးပြုံးထားဆဲဖြစ်ရာ မင်းသားငယ်လေးကို အားပေးနှစ်သိမ့်လိုက်လေသည်။

"ခဏနေရင် ရောက်လာလောက်တော့မှာပါ"

သူက မင်းသားငယ်လေး အအေးမိမှာ စိုးမိပြန်သဖြင့် ဆက်ဖျောင်းဖျလိုက်လေသည်။

"ကျွန်တော်မျိုးတို့ အခန်းထဲမှာ စောင့်ကြမလား၊ အခန်းထဲမှာဆို နွေးတယ်လေ"

ဆောင်းဦးရာသီမှာလည်း လေအေးများက လူကို အေးခဲစေနိုင်ပါသည်။ မျက်နှာပေါ်တိုက်ခတ်သွားလျှင် ဓါးနှင့်မွှန်းနေသည့်နှယ်။ ဝမ်ကုန်းကုန်းတောင် မခံစားနိုင်တော့ချေ။

ကျောက်ရှန့်ရှီးက ကြားပေမယ့်လည်း တစ်ခွန်းမှ ပြန်မပြောချေ။ ထိုအပြုအမူက သိသာထင်ရှားပါသည်။ သူက ဒီနေရာမှာ သူ့ဖေဖေပြန်လာသည်အထိ စောင့်နေမှာဖြစ်သဖြင့် ဘယ်သူမှ နားချလို့လည်း ရမည်မဟုတ်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီМесто, где живут истории. Откройте их для себя