အပိုင်း(၅၀) ကိုယ်မသွားဘူး

2K 306 21
                                    

ထိုနေ့နောက်ပိုင်းမှစပြီး ကျောက်ဝမ်ယုံးသည် မုချန်နန်းဆောင်၌ လုံးဝ ပေါ်မလာတော့ချေ။

အနည်းဆုံးတော့ ကုထင်ရန်၏ မျက်လုံးထဲမှာ ဤကဲ့သို့ဖြစ်သည်။

ရှီးအာလေးကတော့ နေ့တိုင်း သူ့ကို လာကြည့်ဖြစ်သည်။ သူ့ကို အရူးလေးလိုပြုံးပြပြီး တစ်နေ့တာမှာ တွေ့ကြုံခဲ့ရသည့် ကိစ္စများ အားလုံးကို ပြောပြသည်။ သူက ခမည်းတော်နှင့် ပတ်သက်သည့် အကြောင်းအရာကို တမင် ရှောင်ပြောလိုက်ပေမယ့် မျက်ဝန်းထဲရှိ ချီတုံ့ချတုံဖြစ်မှုနှင့် သတိထားနေမှုကို
ကုထင်ရန်က သတိထားမိလိုက်သည်။

ကုထင်ရန်က မျက်လုံးမှိတ်လိုက်ပေမယ့် နောက်ဆုံးမှာတော့ ဘာမှမပြောလိုက်ပေ။

လူကြီးတွေကြားထဲက ကိစ္စကို အချိန်မတန်သေးဘဲ ကလေးကို မသိစေချင်ပေ။

သို့ပေမယ့် အမြဲတမ်း ရှောင်ပြေးနေလို့ မဖြစ်ချေ။

သုံးလေး ငါးရက်ခန့်ကြာပြီးနောက် သာမန်ညချမ်းလေးတစ်ညမှာ ကျောက်ရှန့်ရှီးက သူ့နှင့်အတူအိပ်ချင်သဖြင့် ကပ်ချွဲလေ တော့သည်။ သူက သည်ကလေးနှင့်ပတ်သက်လာလျှင် ဘာလို့မှန်းမသိ အမြဲတမ်း စိတ်ပျော့မိသောကြောင့် ပြုံးလျက် သဘောတူလိုက်သည်။

ညဘက်တွင် ရှီးအာလေးက သူ့ရင်ခွင်ထဲမှာ လဲလှောင်းနေပြီး တဖျတ်ဖျတ်လက်နေသည့် မျက်ဝန်းအစုံဖြင့် သူ့အား စိုက်ကြည့်နေလေသည်။ ကုထင်ရန်က သူ့နှာဖူးထက် အနမ်းတစ်ပွင့်ခြွေလိုက်ပြီး ကြင်ကြင်နာနာဖြင့် ပြောလိုက်သည်။

"လိမ္မာတယ်၊ အိပ်တော့"

ကျောက်ရှန့်ရှီးက မျက်လုံး မမှိတ်ချေ။ သူက ဖေဖေ့ကို ကြည့်ရင်း သတိထား၍ ပြောလိုက်သည်။

"ဖေဖေ သားမှာ မေးစရာရှိတယ်"

ကုထင်ရန်က သူ့ဆံနွယ်လေးကို ပွတ်သတ်ပေးရင်း ကြင်နာသောလေသံဖြင့် ပြောလိုက်သည်။

"သားပြော၊ ဖေဖေ အလေးအနက်ထားပြီး ပြန်ဖြေပေးမယ်"

ကျောက်ရှန့်ရှီးက သူ့ကို ကြည့်ရင်း ခဏလောက် ချိတုံ့ချတုံဖြစ်သွားပေမယ့် နောက်ဆုံးမှာတော့ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now