အခန်း(၁၄) ကျုံးစုဟို့အိမ်တော်

5.9K 695 11
                                    

ကျုံးစုဟို့အိမ်တော်သို့ ကုထင်ရန် ရောက်သည့်အချိန်တွင် တဒင်္ဂအတွင်း ဇဝေဇဝါဖြစ်သွားရသည်။ အရင်တုန်းက ထိုနေရာကို
ကုအိမ်တော်ဟုခေါ်တာဖြစ်သည်။ သူ၏ ဖခင် ကုထင်ရှန့်က တရားမဝင်သားတစ်ယောက်သာဖြစ်သည်။ တကယ့်အစစ်အမှန် အမွေဆက်ခံခွင့်ရှိသူက ကုအိမ်တော်၏ တရားဝင်သားကြီး သူ့ဦးလေးဖြစ်ပေသည်။

နှမြောစရာကောင်းတာက သူ့ဦးလေးဖြစ်သူက အသက်ငယ်ငယ်နှင့် ဆုံးပါးသွားရှာသည်။ သူ့ဖခင်က အကြံကုန်ဉာဏ်ကုန်ထုတ်၍ ထိုနေရာကို လိုချင်ခဲ့ပေမယ့် တစ်ချိန်လုံး ဆန္ဒနှင့်ထပ်တူမကျခဲ့ပေ။ နောက်ပိုင်း သားကိုရောင်းစားပြီး လုပ်ပိုင်ခွင့်အာဏာရှိလာတော့မှပဲ တလှမ်းတည်းနှင့် အထက်သို့ တတ်လှမ်းနိုင်သွားခဲ့သည်။

ကုထင်ရန် တံခါးခေါက်လိုက်တော့ တခါးလာဖွင့်သည့်အစေခံက အသစ်လေးဖြစ်မည်။ သူ့ကို မျက်လုံးစွေစောင်းလျက် မောက်မာထောင်လွှားစွာကြည့်လာလေသည်။

"ဘာလုပ်ဖို့လဲ"

ကုအိမ်တော်က သူ့ကိုရောင်းစားလိုက်သည့်အချိန်မှစ၍ သူ့ရဲ့ အသုံးဝင်မှုကို ရှာ‌တွေ့သွားခဲ့သည်။ အိမ်တော်မှာ သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံလာသည်။ အနည်းဆုံး အပေါ်ယံမှာတော့ ထိုကဲ့သို့ဖြစ်သည်။ သူက ကျောက်ဝမ်ယုံး ခေါင်းအုံးဘေးက လူဖြစ်သဖြင့် ကစားစရာသာသာဖြစ်နေရင်တောင်
ကုအိမ်တော်က သူ့ကို ပြီးစလွယ်မဆက်ဆံရဲကြပေ။

သူတို့အားလုံး အသေအချာသိသည်။ ကျောက်ဝမ်ယုံးဆိုတဲ့လူက သူ့အပိုင်ပစ္စည်းကို သူဘယ်လိုဖျက်စီးစီး မနှမြောပေမယ့် တစ်ယောက်ယောက်က တစ်ကြိမ်လောက် လာထိပါးကြည့် အဆုံးသတ်က ကြေကွဲဖွယ်ဖြစ်သွားပေမည်။

ဒီ‌ကောင်လေးလို ငတုံးမျိုးကို သူမတွေ့ရတာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။

"အိမ်တော်ထိန်းကို သွားခေါ်လာခဲ့"

ကုထင်ရန် ဝတ်ထားတာက အနည်းငယ်ဟောင်းနွမ်းနေသည့် ထိုအစိမ်းရောင်အဝတ်အစားမဟုတ်တော့ပဲ အရမ်းကို ကောင်းမွန်လှသည့် စီးချွမ်းပိုးထည်ဖြစ်သည်။ ကြည့်လိုက်ရင် အရှိန်အဝါကြီးကာ အထက်စီးဆန်သည့် ပုံပေါက်နေသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now