အပိုင်း(၇၈) မင်းသားငယ်လေး

2.2K 372 23
                                    

ကုထင်ရန်က သူ့ကို ကျောပေးထားပြီး စကားတစ်ခွန်းမှမပြောပေ။

ကျောက်ဝမ်ယုံးသည် ချစ်ရသူ၏ ကျောပြင်ကို ကြည့်နေရင်း အကြည့်က ရူပ်ထွေး မှောင်မိုက်လာသည်။ သူက အက်ကွဲနေသော လေသံနဲ့ ပြောလိုက်သည်။

"ကိုယ် မင်းနဲ့ အတူတူ နေချင်တယ်"

"တစ်သက်လုံး အတူတူနေချင်တယ်"

အက်ကွဲနေသော အသံက တိတ်ဆိတ်နေသည့် ညထဲ ပဲ့တင်ထွက်ပေါ်လာပြီး လူ့ နှလုံးသားထဲ တိုက်ရိုက် ဖောက်ထွင်းဝင်ရောက်သွားခဲ့သည်။

သို့သော် ကျောက်ဝမ်ယုံးက အတန်ကြာသည်အထိ စောင့်ခဲ့သော်လည်း သူလိုချင်တဲ့ အဖြေကို မရပေ။ တိကျသေချာသည့် အဖြေကို လိုချင်တာလည်းမဟုတ်ပေ။ ထိုလူက သူ့ကို မဆိုစလောက်လေး ပြန်ဖြေလာလျှင်၊ သူ့ရဲ့ လက်ကိုပဲ ဆုပ်ကိုင်လာရင်တောင် သူပျော်မှာဖြစ်သည်။

သို့ပေမယ့် ကုထင်ရန် တုံ့ပြန်လာခြင်းမရှိပေ။

အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးသွားခဲ့ပြီး ကျောက်ဝမ်ယုံးကတော့ ရေခဲတွင်းထဲ ပြုတ်ကျသွားခဲ့သည်။ သူက မမေးဘဲမနေနိုင်ဖြစ်နေသေးသဖြင့် အက်ကွဲနေသောလေသံနဲ့ ထပ်မေးလိုက်သည်။

"ကိုယ်သေသွားရင် မင်းပျော်မှာလား"

ထိုမေးခွန်းက သူ ထုတ်မမေးချင်ဆုံး မေးခွန်းဖြစ်သည်။ သို့သော် အခုတော့ သူ့ပါးစပ်ထဲမှ ထုတ်မေးလိုက်ရသည်။ အဆုံးမဲ့သော နာကျင်မှုနှင့် ဝမ်းနည်းကြေကွဲမှုများကပ်ပါနေပြီး ချစ်ရသူထံမှ စီရင်ချက်ကို စောင့်လို့နေသည်။

ကုထင်ရန်က သူ့ကို ပြန်မဖြေဆဲဖြစ်သည်။

ကျောက်ဝမ်ယုံး၏ မျက်နှာထက်၌ ရုတ်တရက် အထီးကျန်ဆန်မှုများ ဖုံးလွှမ်းသွားလေသည်။ ဖုန်မှုန့်များ လွှမ်းသွားသလို  မှေးမှိန်ကာ အရောင်အဝါပျောက်ကွယ်သွား တော့သည်။

"ကျောက်....ကျောက်ဝမ်ယုံး..."

ရုတ်တရက် ကုထင်ရန်က ခန္ဓာကိုယ်ကို ကွေးလိုက်သည်။ သူ့ တစ်ကိုယ်လုံးက
တဆတ်ဆတ်တုန်ယင်နေပြီး ကျောက်ဝမ်ယုံးကို အက်ကွဲနေသော အသံနဲ့ ပြောလာသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now